Saturday, March 8, 2014

နာဆာဟာ ဂျုပီတာဂြိုလ်ရဲ့ အရံလဖြစ်တဲ့ ယူရိုပါ လပေါ်ကို ဘာကြောင့် သွားချင်နေရတာလဲ???

Jupiter's Moon, Europa
ကမ္ဘာပေါ်မှာ ရေဟာ အပင်များအပါအ၀င် သက်ရှိအားလုံးတို့ကို အဓိက ထောက်ပံ့ပေးနေတဲ့ မရှိမဖြစ်တဲ့ အရာဖြစ်ပါတယ်။ ဆိုလိုတာကတော့ ရေရှိရန် သက်ရှိရှိဖို့အတွက် ဖြစ်နိုင်ချေ အရမ်းများသွားမှာပေါ့။ ကမ္ဘာဆိုတာဟာ တကယ်တော့ စကြာဝဠာဟင်းလင်းပြင်ထဲက မှိန်ပြပြအပြာရောင်အစက်ကလေးတစ်စက်(Pale Blue Dot) လေးပါ။ ဒီကမ္ဘာပေါ်မှာ ကျွန်ုပ်တို့လူသားတွေအပါအ၀င် သက်ရှိမျိုးစိပ်ပေါင်း သန်းချီနေထိုင်နေကြတာ အခုဆိုရင် နှစ်သန်းပေါင်း ၂ ဘီလီယံခန့်ရှိပါပြီ။ ကျယ်ပြောလှတဲ့စကြာဝဠာကြီးထဲမှာ ကျွန်တော်တို့ကမ္ဘာလိုမျိုးဂြိုလ်တွေ၊ ပြီးတော့ အခြားသက်ရှိတွေရှိမနေနိုင်ဘူးလား။ ဒီမေးခွန်းကတော့ ယခုချိန်ထိ အတိအကျမဖြေနိုင်သေးပဲ သိပ္ပံပညာရှင်တွေနဲ့ သိပ္ပံစကားဝိုင်းတွေအလယ်မှာ အငြင်းပွားနေဆဲဖြစ်ပါတယ်။ ဆိုလိုတာကတော့ ရှိနိုင်တယ်လို့လဲ အတိအကျ မပြောနိုင်၊ မရှိဘူးလို့လဲ တပ်အပ်မပြောနိုင်တဲ့ အခြေအနေပါ။

>>ဖာမီ ၏ အရှုတ်အထွေး(Fermi's Paradox)<<

-ကျွန်ုတို့ရဲ့ နေမင်းကြီးဟာ ငယ်ရွယ်သေးတဲ့ ကြယ်လေးတစ်လုံးပါ။ ကျွန်ုပ်တို့နေမင်းကြီးထက် နှစ်ပေါင်းဘီလီယံချီ အသက်ကြီးတဲ့ကြယ်တွေ ဘီလီယံချီပြီး ဂလက်ဆီထဲမှာ ရှိပါသေးတယ်။

-တစ်ချို့သော ကြယ်တွေမှာ ကျွန်တော်တို့ကမ္ဘာလို ဆင်တူတဲ့ ဂြိုလ်တွေရှိနိုင်ပါသေးတယ်။ ကမ္ဘာလို ဂြိုလ်အမျိုးအစားဟာ အသိညဏ်ရှိတဲ့ သက်ရှိတွေအတွက် စံပုံစံဂြိုလ်ဖြစ်တယ်ဆိုရင် ထိုဂြိုလ်တွေပေါ်မှာလဲ ကျွန်ုတို့လို သက်ရှိတွေရှိနေနိုင်ပါတယ်။

-တစ်ချို့သောဂြိုလ်တွေဟာ ကမ္ဘာထက်နှစ်သန်းချီစောဖြစ်ခဲ့တယ်ဆိုလျှင် ထိုဂြိုလ်ပေါ်က သက်ရှိတွေဟာ ယခုကျွန်ုပ်တို့ လေ့လာကြိုးစားနေဆဲဖြစ်တဲ့ စကြာဝဠာအတွင်း ခရီးသွားလာခြင်း နည်းပညာကို တွေ့ရှိပြီးဖြစ်ပါလိမ့်မယ်။

-ဒီလိုဆိုရင် ထိုသက်ရှိတွေဟာ စကြာဝဠာနဲ့ ဂလက်ဆီအတွင်း နေရာတော်တော်များများကို နယ်ချဲ့ပြီးသားဖြစ်ပါလိမ့်မယ်။ ကမ္ဘာအပါအ၀င်ပေါ့။

ဒီမှာ ယခုအပေါ်က စဉ်းစားပုံလမ်းကြောင်းအတိုင်းစဉ်းစားပြီးတော့ အန်ရစ်ကို ဖာမီ(Enrico Fermi) ဆိုတဲ့ သိပ္ပံပညာရှင်က မေးခွန်းတစ်ခု ထုတ်လိုက်ပါတယ်။

"WHERE IS EVERYBODY?"

မေးခွန်းလေးကတော့ ရှင်းရှင်းလေးပါ။ ဒါပေမယ့် သိပ္ပံနယ်ပယ်ကြီးတစ်ခုလုံးကို လှုပ်ခက်သွားစေခဲ့တာတော့ ယနေ့ထိပါပဲ။

ထို့နောက် သိပ္ပံပညာရှင်တို့ရဲ့ အသိုင်းအ၀ိုင်းမှာ ဒီမေးခွန်းကို တိတိကျကျဖြေနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။ စကြာဝဠာထဲတွင် အခြားသက်ရှိများရှိသော်လဲ ကျွန်ုပ်တို့လူသားများက အသိညဏ်အရှိဆုံးလား။ ထို့ကြောင့် အခြားသက်ရှိများ ကမ္ဘာပေါ်ရောက်မလာသေးတာလား။ သို့သော်........ UFO ခေါ် ပန်းကန်ပြားပျံအချို့အားတွေ့မြင်ရခြင်းနှင့် အခြား အဆင့်မြင့်လွန်းသော အဖြေရှာမရသည့် ခေတ်ဦးက နည်းပညာများ(ဥပမာ-ပိရစ်မစ်များ၊ နက်စ်ကာလိုင်းများ၊ ဧရာမကျောက်တုန်းရုပ်ကြီးများ စသဖြင့်) တို့သည် ကမ္ဘာအ၀န်း၌ ပေါ်ပေါက်နေသည်။ အခြားသက်ရှိများ ကမ္ဘာပေါ်ရောက်ခဲ့သော်လဲ (၀ါ) ရောက်ရှိနေသော်လဲ အဘယ့်ကြောင့် ကျွန်ုပ်တို့နှင့် အဆက်အသွယ်မလုပ်သနည်း။ အဘယ့်ကြောင့် တစ်ခါတစ်ရံမှသာ ပုန်းလျှိုးဝှက်လျှိုးမြင်ရသနည်း။

ဖာမီ၏ မေးခွန်းကိုဖြေနိုင်ရန်၊ ရှင်းလင်းသွားစေရန် ဦးစွာကျွန်ပ်တို့သည် အခြားသက်ရှိတစ်မျိုးကို တွေ့နိုင်ရန် အလွန်လိုအပ်နေပြီဖြစ်သည်။ ထို့ကြောင့် အခြားကမ္ဘာမှ သက်ရှိများကို ရှာပုံတော်ဖွင့်နေသည်မှာလဲ နှစ်ပေါင်း အတော်အတန်ကြာခဲ့ပြီဖြစ်သည်။

>>မျှော်လင့်ချက်ရောင်ခြည်သန်းလာပြီ<<

Europa and Earth, water consistent comparison
ယခုအခါတွင် နာဆာသည် ဂျုပီတာ၏ အရံလဖြစ်သော ယူရိုပါ(Europa) ပေါ်တွင် ရေများ ပိုလျှံစွာရှိနေကြောင်း ထောက်လှမ်းမိခဲ့သည်။ ထိုဂြိုလ်အရံလပေါ်တွင်ရှိသော ရေ၏ ပမာဏမှာ ကျွန်ုပ်တို့ ကမ္ဘာထက်ပင် ၂ ဆခန့်ရှိနေသည်။(ပုံကိုကြည့်ပါရန်) ထို့ကြောင့် ထိုဂြိုလ်ပေါ်တွင် ကျွန်ုပ်တို့နှင့် ဆင်တူသော သက်ရှိများ ရှိနေနိုင်သည်။ ကမ္ဘာပေါ်မှာ သက်ရှိတို့သည်လည်း ရေမှပင် အစပျိုးဖြစ်တည်ခဲ့သောကြောင့် ထိုဂြိုလ်ပေါ်သွားရသည်မှာ ကမ္ဘာဦးအချိန်ကိုပြန်သွားသကဲ့သို့ပင် ဖြစ်နေလိမ့်မည်။ ထို့ကြောင့် နာဆာသည် ထို ယူရိုပါ ပေါ်သို့သွားရောက်ရန် အထူးပင် စိတ်အားထက်သန်နေသည်။



စကြာဝဠာအတွင်း သက်ရှိရှာပုံတော်၏ ခြေတစ်လှမ်းတိုးလိုက်သည်ဟုပဲ ကျွန်တော်ထင်မိသည်။ ကျွန်တော်မသေခင် ဖာမီ ၏ မေးခွန်းအဖြေ ကိုသိသွားလိုပါကြောင်း............................

-သာထက်အောင်

No comments:

Post a Comment

My Facebook? Just click the photo.

My Facebook? Just click the photo.
My Personal Facebook link

Popular Posts