Saturday, January 12, 2013

 
ကျွန်တော် အရူး တစ်ယောက်နဲ့ တွေ့တယ်။
မေးကြည့်မိတယ်။
"အချစ်ဆိုတာကို ခင်ဗျား သိလား"
"သိတော့ သိတယ်၊ ဒါပေမယ့်
ပြောမပြတတ်ဘူး"
"ဘာဖြစ်လို့လဲ"
"အဲဒါကို သိပြီးကတည်းက ငါ ခုလို
ရူးသွားတာပဲ"
လန့်နိုးတော့ ကျွန်တော်တောင်
ညဥ့်တော်တော် နက်နေပြီ။    ။

ငါသည် သူ့ကိုချစ်၏။
ငါ့အချစ်ဖြင့် သူ့ကိုဝန်းဖွဲ့တည်ကြည်မည်။
ဤစကားမှန်လျှင် သူ ငြိမ်းချမ်းစေသား။
သူ... ငြိမ်းချမ်းစေသား...။
သူ... ငြိမ်းချမ်းစေသား...။
အိုဘယ့်... အလင်းကချေသည်...။    ။
                         -တာယာမင်းဝေ

No comments:

Post a Comment

My Facebook? Just click the photo.

My Facebook? Just click the photo.
My Personal Facebook link

Popular Posts