Tuesday, December 23, 2014

စကြ၀ဠာ၏ ကနဦးအစ


ဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ စကားပလ္လင်ခံပါတယ်။ မှားနေနိုင်ပါတယ်။ စကြ၀ဠာဘယ်လိုစဖြစ်လာတယ်ဆိုတာ ဒဏ္ဍာရီလာ တွေရှိသလို ကျွန်တော်တို့သိပ္ပံရှုထောင့်ကနေဆိုရင်လဲ အတိအကျမသိသေးပါဘူး။ အဲ့ဒီအတွက် မိမိကိုယ်တိုင် ဖြစ်နိုင်ခြေများကို စဉ်းစားဖို့ အသင့်ပြင်ထားပါ။ ဒီဆောင်းပါးမဖတ်ခင်မှာ မိမိတွေးခေါ်နိုင်စွမ်းများကို အဆုံးထိတင်ထားပါ။

ကျွန်တော်တို့မြန်မာပုံပြင်များအရဆိုရင်တော့ စကြ၀ဠာဘယ်ကစဖြစ်လဲတော့ မပြောပါဘူး။ ဒါပေတဲ့ လူသားတို့အစကိုတော့ ပုံပြင်အချို့ကပြောပြထားပါတယ်။ ဗြဟ္မာကြီးလေးပါးက ဖန်ဆင်းလိုက်ရာမှ လူတွေစဖြစ်လာပါတယ်။ ကမ္ဘာတစ်ဝန်း ရှေးဒဏ္ဍာရီများကို ပြန်လှန်ရှာဖွေကြည့်မယ်ဆိုရင်လည်း ပိုလို့တောင် အံ့ဖွယ်တွေနဲ့ဖြစ်နေပါတယ်။ သူတို့က စကြ၀ဠာဘယ်ကစဖြစ်လာသလဲဆိုတာကိုပါ စဉ်းစားခဲ့ကြတယ်ထင်ပါ့။

အမေရိကတိုက်အလယ်ပိုင်းက ဘိုရွှန်ဂိုလူမျိုးတွေရဲ့ ဒဏ္ဍာရီကပြောတာကတော့…… အားလုံးရဲ့အစ လောကကြီးတစ်ခုလုံးမှာ အမှောင်ထု၊ ရေ၊ နဲ့ ဘုရားသခင် ဘန်ဘာ(Bumba) တို့သာရှိပါတယ်။ တစ်နေ့မှာတော့ ဘန်ဘာ ဟာ ဗိုက်အောင့်ဝေဒနာခံစားနေရာက အန်လိုက်ရာမှာ နေမင်းကြီးထွက်လာပါတယ်။ အဲ့ဒီနေမင်းကြီးဟာ ရေအချို့ကိုခန်းခြောက်လိုက်စေပြီးတော့ ကုန်းမြေများကို ဖြစ်ပေါ်စေပါတယ်။ ဆက်တိုက်ဗိုက်အောင့်နေတုန်းပဲဖြစ်တဲ့ ဘန်ဘာ ဟာ ထပ်အန်ရာမှာ လ၊ ကြယ်တွေ နဲ့ တိရိစ္ဆာန်အချို့ကို အန်ချလိုက်တယ်လို့ဆိုပါတယ်။ ကျားသစ်၊ မိကျောင်း၊ လိပ် စသဖြင့် နောက်ဆုံးမှာတော့ လူ ပေါ့။

ဒီ ဒဏ္ဍာရီလိုပဲ ကမ္ဘာတစ်ဝန်း ဒဏ္ဍာရီပေါင်းများစွာရှိပါတယ်။ ယနေ့ခေတ်လို တီဗီတွေ၊ ဖုန်းတွေ၊ မရှိသေးတဲ့အချိန်မှာ လူတို့အတွက် အကောင်းဆုံးအဖော်ဟာ ညအခါ ကောင်းကင်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ အစက်ကလေးတွေဟာ စိတ်ဝင်စားစရာ အကောင်းဆုံးအရာတွေပါပဲ။ သူတို့ဟာ ကောင်းကင်ကြီးကိုမော့ကြည့်ပြီး တူညီတဲ့ကြယ်တွေကိုကြည့်ရှုကာ ပုံသဏ္ဍာန်အမျိုးမျိုးကိုမြင်ကာ ဒဏ္ဍာရီအသွယ်သွယ်ကို ဖန်တီးယုံကြည်ခဲ့ကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ ယနေ့အထိမေးနေဆဲဖြစ်တဲ့ မေးခွန်းကို ဖြေဖို့ကြိုးစားရင်း ထွက်ပေါ်ခဲ့ရတဲ့ ယုံတမ်းပုံပြင်တွေပါ။ ကျွန်တော်တို့ ဘာ့ကြောင့်ဒီမှာ ရှိနေတာလဲ။ ကျွန်တော်တို့ ဘယ်ကလာတာလဲ။ ယေဘုယျအားဖြင့် ပြောကြားလို့ရတာကတော့ လူသားတွေဟာ ရှေးဘိုးဘီဘင်တွေကနေ တဖြည်းဖြည်းဆင်းသက်လာသူတွေဖြစ်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ရှေးလူတွေကကို လူသားတွေရဲ့ အသိညဏ်နဲ့ နည်းပညာတွေဟာ တစ်ခေတ်ပြီးတစ်ခေတ် အစဉ်အဆက် တိုးတတ်လာနေတယ်ဆိုတာကို လက်ခံခဲ့ကြလို့ပါ။ ဒါပေမယ့် ဒီလိုတိုးတတ်နေတာဟာ အရမ်းကြီးကြာခဲ့တာလဲ ဟုတ်ချင်မှဟုတ်နိုင်သလို ဒီထက် အများကြီး အလုပ်ဖြစ်ရင်ဖြစ်ခဲ့မှာပါ။ ဥပမာအားဖြင့်ဆိုရင်တော့ ခရစ်ယာန် ပါ။ ဒီအထဲမှာ ဘစ်ရှော့ ယူရှာ ရေးသားတဲ့ ကမ္ဘာဦးကျမ်းအရ ဘုရားသခင်ဟာ ဘီစီ ၄၀၀၄၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ သောကြာနေ့ မနက် ၉ နာရီမှာ ကမ္ဘာကြီးကို ဖန်ဆင်းခဲ့တယ်လို့ဆိုပါတယ်။ အခြား ဘေးသဘာဝပတ်ဝန်းကျင်တစ်ခုလုံး(ဥပမာ တောတောင်မြစ်ချောင်း စသည်တို့) ဟာ လူသားတို့သက်တမ်း အနည်းငယ်လေးအတွင်းမှာလည်း အနည်းငယ်သာပြောင်းလဲမှု ရှိခဲ့ပါတယ်။ ဒါကြောင့် ယူရှာ ရေးသားခဲ့တဲ့ ကမ္ဘာဦးကျမ်းအရဆိုရင် သဘာဝပတ်ဝန်းကျင်ကြီးဟာ တစ်လျှောက်လုံးပုံသေတည်ရှိနေခဲ့တာဖြစ်သလို လူသားတို့စတင်ပေါ်ပေါက်လာတဲ့အချိန်တုန်းက ရှိခဲ့တဲ့ပုံစံအတိုင်း တစ်ထပ်တည်းဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒါပေမယ့် စကြ၀ဠာကြီးဟာ အစရှိတယ်ဆိုတဲ့ အယူအဆကို လူတိုင်း မနှစ်သက်ခဲ့ကြပါဘူး။

ဥပမာအားဖြင့် အကြီးကျယ်ဆုံးဂရိတွေးခေါ်ပညာရှင်တွေထဲကတစ်ယောက်ဖြစ်တဲ့ အရစ်တိုတယ်လ် ဟာ စကြ၀ဠာကြီးဟာ ထာဝရ တည်ရှိခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။ ထာဝရတည်ရှိနေတဲ့အရာတစ်ခုဟာ ဖန်ဆင်းခံထားရတဲ့အရာတစ်ခုထက် ပိုပြီး ပြီးပြည့်စုံမယ်။ သူကျိုးကြောင်းစီစဉ်ခဲ့တဲ့အချက်ကတော့ ရေကြီးခြင်း နဲ့ အခြားသော သဘာဝဘေးအန္တရာယ်တွေက လူ့ယဉ်ကျေးမှုကြီးကို မူလအစသို့ အဖန်ဖန် ပြန်ရောက်စေခဲ့တယ်ဆိုတဲ့ အကြောင်းအရာပါပဲ။ စကြ၀ဠာကြီးဟာ ထာဝရတည်ရှိခဲ့တယ်လို့ တွေးတောလိုက်ခြင်းဟာ စကြ၀ဠာကြီးရဲ့ ဖြစ်စဉ်တွေကို လေ့လာဖို့ လမ်းကို ပိတ်လိုက်သလိုပါပဲ။ ဒါပေမယ့် လူသားတို့ရဲ့ ဗီဇအရ ငြင်းခုံခြင်းကို ခုံမင်ကြပါတယ်။ စကြ၀ဠာကြီးဟာ အစရှိတယ်မရှိဘူး၊ ရှိခဲ့ရင်လဲ ဘယ်လိုနည်းနဲ့ အစပြုခဲ့တယ် စတဲ့အချက်တွေဟာ ယနေ့ခေတ်အချိန်အခါအထိ သူတစ်ဖက်ကိုယ်တစ်ဖက် အငြင်းပွားနေကြတုန်းပဲဖြစ်ပါတယ်။

တစ်ကယ်လို့ စကြ၀ဠာဟာ အစရှိခဲ့တယ်လို့ ယုံကြည်တယ်ဆိုရင် ဦးစွာပေါ်လာမယ့် မေးခွန်းကတော့ အဲ့ဒီ အစ မတိုင်ခင်ဘာဖြစ်ခဲ့သလဲဆိုတာပါပဲ။ လောကကြီးကိုမဖန်ဆင်းခင် ဘုရားသခင်ဟာ ဘာလုပ်နေခဲ့ပါသလဲ။ ဒီလူမေးခွန်းတွေမေးတတ်တဲ့လူတွေအတွက် ငရဲ ကို ပြင်ဆင်နေခဲ့တာလား။ စကြ၀ဠာ အစရှိတယ်မရှိတယ် ဆိုတဲ့ ပြသနာဟာ ဂျာမန်တွေးခေါ်ပညာရှင် အန်မြူရယ်ကန့်တ် အတွက် အတော်ကို ဂရုစိုက်တွေးတောစရာဖြစ်ခဲ့ပါတယ်။ သူဟာ ဒီပြသနာမှာ တွေးခေါ်မှုဆိုင်ရာ အကြပ်ရိုက်မှုတစ်ချို့ကို ကြုံတွေခဲ့ရပါတယ်။ တကယ်လို့ စကြ၀ဠာဟာ အစရှိခဲ့မယ်ဆိုရင် ဘာ့ကြောင့် အချိန်အနန္တယူပြီးမှ အစပြုခဲ့ရပါလဲ။ ဒါကို သူက စာတမ်း(Thesis) လို့ခေါ်ခဲ့ပါတယ်။ တစ်ခြားတစ်ဖက်ကစဉ်းစားကြည့်ရင်လဲ တကယ်လို့ စကြ၀ဠာကြီးဟာ ထာဝရတည်ရှိခဲ့တယ်ဆိုရင် အခုလိုအခြေအနေတွေရောက်ဖို့ ဘာ့ကြောင့် အချိန်အနန္တ ယူခဲ့ရပါသလဲ။ ဒါကို တန်ပြန်စာတမ်း(Antithesis) လို့ခေါ်ပါတယ်။ ဒီ စာတမ်း နဲ့ တန်ပြန်စာတမ်း တို့ဟာ အနန္တအတိတ်ကနေ အနန္တအနာဂတ် ကို သွားတာပါပဲ။ နောက်ကွယ်မှာ ဘယ်လိုစကြ၀ဠာမျိုးပဲတည်ရှိနေပစေပေါ့။ ဒီအချက်ဟာလဲ ယနေ့ခေတ် သိပ္ပံပညာရှင်တွေရဲ့ ခေါင်းထဲမှာ ကဏ္ဍတစ်ခုအဖြစ် နေရာယူထားဆဲပါ။

၁၉၁၅ ခုနှစ်မှာတော့ အိုင်းစတိုင်းဟာ သူ့ရဲ့ ဂန္တ၀င် ယေဘုယျနှိုင်းရသီအိုရီ(General Theory of Relativity) ကို ဖော်ထုတ်ခဲ့ပါတယ်။ ဒီအထဲမှာ ဟင်းလင်းပြင်နဲ့အချိန်ဟာ သီးခြားစီမဟုတ်ပဲ ပူးတွဲဖြစ်တည်နေတယ်၊ မည်သည့်ဖြစ်ရပ်မဆို ပုံသေရှုထောင့်တစ်မျိုးထဲကနေ ရှုလို့မရဘူး ဆိုတဲ့အချက်တွေပါတယ်။ ဒီအချက်တွေဟာ စကြ၀ဠာထဲက ၀တ္ထု နဲ့ စွမ်းအင် ဒီနှစ်ခုရဲ့ ပြောင်းလဲနေတဲ့ အတိုင်းအတာတို့အပေါ်မှာ မူတည်နေပါတယ်။ ဒါပေမယ့် ဒီအရာတွေဟာ လက်ရှိ စကြ၀ဠာအတွင်းမှာပဲ အကျုံးဝင်တာပါ။ ဒီစကြ၀ဠာအပြင်ဘက်၊ ဒီစကြ၀ဠာမစခင် ကာလ အတွက် အသုံးမ၀င်ပါဘူး။ ဒါဟာ မြောက်ဝင်ရိုးစွန်းမှာ မြောက်ဘက်က ဘယ်ဘက်လဲလို့ မေးနေသလိုဖြစ်နေပါတယ်။ အဖြေမရှိ၊ အသုံးချလို့မရပါဘူး။ တကယ်လို့ ၁၉၂၀ မတိုင်ခင်က လူတွေယုံကြည်ခဲ့တဲ့အတိုင်း စကြ၀ဠာကြီးဟာ ပြောင်းလဲမှုရှိမနေဘူးလို့ ယူဆလိုက်မယ်ဆိုရင် ကျွန်တော်တို့ဟာလဲ စကြ၀ဠာကြီးရဲ့ နောက်ကြောင်းကို ပြန်ကောက်စရာမလိုပါဘူး။ အလွန်ဆုံးကောက်မယ်ဆိုရင် သက်ရှိတွေနဲ့ ကမ္ဘာကြီး ရဲ့ နောက်ကြောင်းပဲပေါ့။ ဒါပေမယ့် အစရှိတယ်ဆိုတဲ့ အချက်အလက်တွေဟာ တစ်ဖြည်းဖြည်းချင်း ကမ်းခြေမှာရှိတဲ့ ခရုလေးတွေလို တစ်ခုပြီးတစ်ခုပေါ်လာပါတယ်။ ဒီအချက်ဟာလဲ ကျွန်တော်တို့တည်ရှိမှုအပေါ် အသားပေးတဲ့ အတွေးအခေါ်ပေါင်းမြောက်များစွာကို ဖြစ်ပေါ်စေလာပါတယ်။ ကျွန်တော်ဟာ အခုကျွန်တော်တင်ပြသွားတဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးပြုလုပ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်တွေနဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ ဖလော် တွေကို ပေါင်းစပ်ပြီး အနုမာန(Hypothesis) တစ်ခုတင်ပြသွားမှာပါ။ ဒါဟာ မှန်တယ်မှားတယ် ဆိုတာကို ကျိုးကြောင်းခိုင်လုံရင် လွတ်လပ်စွာစောဒက တက်ပိုင်ခွင့်ရှိပါတယ်။ နောက်တစ်ချက်က အချို့သော ခန့်မှန်းချက်များဟာ တိကျတဲ့အချက်အလက်တွေဆိုပေမယ့် အသစ်အသစ်သော လေ့လာတွေ့ရှိမှုတွေကြောင့် အချိန်မရွေး အမှားဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြုပါ။ (သိပ္ပံပညာမှာ ဘယ်အရာမှ တရားသေမရှိပါ။ ကျိုးကြောင်းခိုင်လုံမယ်ဆိုရင် သင်ဟာ အချိန်မရွေးလွတ်လပ်စွာ စောဒက တက်ပိုင်ခွင့်ရှိပါတယ်။ မည်သည့်သိပ္ပံပညာရှင်ကမှ သင့်ကို အရေးယူမည်မဟုတ်ပါ။ သီအိုရီအဟောင်း ကာကွယ်စောင့်ရှောက်ရေးအသင်းများလဲ သူတို့မှာမရှိပါ။)

ယခု အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအတွက် ကျွန်တော်တို့ဟာ စကြ၀ဠာပုံစံတူငယ် နှစ်ခုကို စဉ်းစားနိုင်ပါတယ်။ တစ်ခုကတော့ ပြီးခဲ့တဲ့တစ်နှစ်ကမှ ဖန်ဆင်းခံခဲ့ရတဲ့ စကြ၀ဠာ နဲ့ နောက်တစ်ခုကတော့ ကာလတာရှည်တည်ရှိခဲ့တဲ့ စကြ၀ဠာ ပါ။ အဆိုပါ တစ်နှစ်ထက် ပိုပြီးသက်တမ်းရင့်တဲ့ စကြ၀ဠာပုံစံငယ်ဟာ တစ်နှစ်ဆိုတဲ့ အချိန်ကာလရဲ့ အပြင်ဘက်မှာရှိတဲ့ အရာတွေကို ဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ တစ်နှစ်ပဲသက်တမ်းရှိတဲ့ ပုံစံငယ်ကတော့ ဖြေရှင်းပေးစရာမလိုပါဘူး။ ဒါကြောင့် တစ်နှစ်ပဲသက်တမ်းရှိတဲ့ စကြ၀ဠာပုံစံငယ်က ပိုကောင်းတယ်လို့ပြောရပါမယ်။ အဲ့ဒီတစ်နှစ်ရဲ့ အပြင်ဘက်မှာ ဘာဖြစ်ခဲ့သလဲဆိုတာ မေးခွန်းထုတ်စဉ်းစားနေစရာမလိုပါဘူး။ ဒါပေမယ့်ပြောင်းလဲမှုမရှိတဲ့စကြ၀ဠာအယူအဆ ဆိုတာဟာ ရုတ်တရတ်ပြောင်းလဲသွားပါတော့တယ်။ ဘယ်အချိန်မှာလဲဆိုတော့ အက်ဒ်ဝင်ဟတ်ဘယ်(Edwin Hubble) ဟာ ၀ီလ်ဆင် တောင်ကုန်းပေါ်မှာ တယ်လီစကုတ်ပေါင်းများစွာနဲ့ သုတေသနတစ်ခုကို ပြုလုပ်လိုက်တဲ့အချိန်မှာဖြစ်ပါတယ်။

ဟတ်ဘယ်ဟာ ဘာကိုတွေ့ရှိခဲ့သလဲဆိုတော့ ကြယ်များဟာ အာကာသအတွင်းမှာ နေရာတကျ ဖြန့်ကြဲထားတာမဟုတ်ပဲနဲ့ ဂလက်ဆီလို့ခေါ်တဲ့ ကြယ်အစုအဝေးကိုယ်စီမှာ တည်ရှိနေကြတယ်ဆိုတာပါပဲ။ ပြီးတော့ အဲ့ဒီ ဂလက်ဆီတွေဆီကလာတဲ့ အလင်းတွေရဲ့ အလျင်ကို တိကျစွာ ပိုင်းခြားတိုင်းတာဖို့ ဟတ်ဘယ် က ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအခါမှာ မထင်မှတ်တာတစ်ခုကို သွားပြီးတွေ့ရှိလိုက်ပါတယ်။ ဂလက်ဆီတွေဟာ ကျွန်တော်တို့နဲ့ ဝေးရာကို အစဉ်တစိုက် ရွေ့လျားနေတယ်ဆိုတာပါပဲ။ ကြယ်တွေဆီက လာတဲ့အလင်းတွေရဲ့ ရောင်စဉ်ကို စစ်ဆေးကြည့်ရာမှာ အနီဘက်ကို ယိုင်နေတာတွေ့ရပါတယ်။(Red shift လို့ခေါ်ပါတယ်။) Doppler Effect အရ အနီဘက်ယိုင်တဲ့အလင်းတွေဟာ ဝေးရာကို ရွေ့လျားနေတယ်ဆိုတာပါပဲ။ ပြီးတော့ ထပ်ပြီးတွေ့လိုက်တာက ကျွန်တော်တို့နဲ့ ဝေးလေ ကျွန်တော်တို့အဝေးကိုပိုပြီး မြန်မြန်ရွေ့လျားလေဖြစ်နေပါတယ်။ ဒီအချက်ကို သင်ဟာ မမှုတ်ရသေးတဲ့ပူစီပေါင်းတစ်လုံးကို ဆော့ပင်နဲ့ဖြစ်ဖြစ် မှင်စက်ကလေးတွေလိုက်မှတ်ထားပါ။ ပြီးတော့ ပူပေါင်းကို မှုတ်လိုက်တဲ့အချိန်မှာ အဲ့ဒီအစက်ကလေးတွေဟာ ဘေးကို ကိုယ်စီ ပြန့်ကားဝေးကွာသွားကြတဲ့အဖြစ်နဲ့ မြင်ကြည့်နိုင်ပါတယ်။ ခုနကပြောသလိုပဲ စကြ၀ဠာကြီးဟာ ဒီအဖြစ်အပျက်အတိုင်း ပြန့်ကားနေတာပါ။ လူအများထင်သလို မပြောင်းလဲပဲ တည်တန့်တည်ရှိနေတာမဟုတ်ပါဘူး။ သူဟာ ပြန့်ကားနေတာပါ။ ဂလက်ဆီတစ်ခုနဲ့ တစ်ခုကြားအကွာအဝေးတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီး ကြီးမားလာပါတယ်။
ဟောဒီ စကြ၀ဠာကြီး ပြန့်ကားနေတယ်ဆိုတာဟာ သိပ္ပံသမိုင်းမှာတော့ အရမ်းကို အက္ခရာကျတဲ့ တွေ့ရှိမှုကြီးတစ်ရပ်ပါပဲ။ စကြ၀ဠာကြီးဟာ အစရှိရမယ်ဆိုတဲ့ အယူအဆဟာ အပြည့်အ၀ကို မှန်ကန်သွားပါပြီ။ နှစ်ပေါင်းထောင်ချီကြာခဲ့တဲ့ အငြင်းပွားမှုတစ်ခုဟာ အဆုံးသတ်သွားပါပြီ။ တစ်ကယ်လို့ ဂလက်ဆီတွေဟာ အဝေးကိုပြန့်ကားနေတယ်ဆိုရင် သူတို့ဟာ တစ်ချိန်တုန်းက အလွန်နီးနီးကပ်ကပ်ရှိခဲ့မပေါ့။ သူတို့ရဲ့ ရွေ့လျားနေတဲ့အလျင်ဟာ ခု ကျွန်တော်တို့ရဲ့ တွက်ချက်မှုတွေအတိုင်း အရင်တုန်းကလည်း ဖြစ်ခဲ့မယ်ဆိုရင် သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅ ဘီလီယံ လောက်က အမှတ်တစ်မှတ်တည်းမှာ သွားဆုံနေပါတယ်။ အဲ့ဒီအမှတ်ကလေးဟာ ကျွန်တော်တို့ စကြ၀ဠာရဲ့ အစ ပဲလား။ သိပ္ပံပညာရှင်တော်တော်များများကတော့ စကြ၀ဠာကြီးဟာ အစရှိခဲ့တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး သိပ်မပျော်ရွှင်နိုင်ကြပါ။ ဘာလို့လဲဆိုတာ ဒါဟာ ကျွန်တော်တို့အခုသိထားတဲ့ ရူပဗေဒပညာရပ် ကို ယိုယွင်းနေစေပါတယ်။ ကျွန်တော်တို့ တစ်ခုခုမှာတော့ မှားနေပါပြီ။ ဒီအချက်ကို ဆင်ဝှေ့ရန်ရှောင်ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်နည်းလမ်းတော့ပေါ်လာပါပြီ။ ဒီနည်းလမ်းကတော့ ကျွန်တော်တို့သိထားတဲ့ သဘာဝနိယာမအားလုံးရဲ့ အပြင်က ဖြစ်ရပ်ထူးတစ်ခုဖြစ်ပါလိမ့်မယ်။ ဘုရားသခင် (၀ါ) ဖန်ဆင်းရှင် ပါပဲ။ သူက စကြ၀ဠာကို အစပျိုးခဲ့တာပါပဲတဲ့။ ဒီအချက်ကိုလည်း သိပ္ပံပညာရှင်အားလုံးနီးပါးက လက်မခံနိုင်ပါ။ ဘာလို့လဲဆိုတော့ သိပ္ပံပညာရဲ့ အနှစ်သာရကိုက မသိတာကိုသိအောင်လုပ်ဖို့ပါ။ စဉ်းစားရကျပ်သွားပြီး အသိခက်တဲ့ဖြစ်ရပ်ပေါ်လာတာနဲ့ သက်သေမရှိ အခြေအမြစ်မရှိတဲ့ အရာတစ်ခုအပေါ် လွှဲမချချင်ပါ။ မသိတာကို မသိဘူးပြောတာရှက်စရာမဟုတ်ပါ။ မသိပဲနဲ့ သိသယောင်ယောင် ဟန်ဆောင်တာကမှ ရှက်ဖွယ်ဖြစ်ပါတယ်။ အဲ့ဒီအတွက် သိပ္ပံပညာဘက်ကတင်သွင်းလာတဲ့ နောက်ထပ် သီအိုရီတစ်ခုကတော့ ၁၉၄၈ ခုနှစ်မှာ ဘွန်ဒီ၊ ဂိုးလ် နဲ့ ဟွိုင်းလ် တို့ရဲ့ တည်မြဲခြင်းသီအိုရီ(Steady State Theory) ပါပဲ။

တည်မြဲခြင်းသီအိုရီ မှာဆိုရင်…. ဂလက်ဆီများဟာ အဝေးကို ပြန့်ကားရွေ့လျားနေတာကြောင့် အသစ်အသစ်သော ဂလက်ဆီတွေဟာ အာကာသဟင်းလင်းပြင်ထဲမှာရှိတဲ့ ၀တ္ထုတွေ၊ အက်တမ်တွေရဲ့ ပေါင်းစည်းမှုတွေကတစ်ဆင့် အစဉ်တဆက်ဖြစ်ပေါ်နေပါတယ်။ စကြ၀ဠာကြီးရဲ့ ဘယ်နေရာကိုပဲကြည့်ကြည့် အတူတူပဲဖြစ်နေပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတော့ အဘက်ဘက်က အရာတွေဟာ ကျွန်တော်တို့အဝေးကိုရွေ့နေလို့ပါပဲ။ ဒီအချက်ဟာ အကောင်းဘက်ကတွေးကြည့်မယ်ဆိုရင် အရမ်းကို အကျိုးရှိပါတယ်။ တိကျတဲ့ခန့်မှန်းချက်ဖြစ်ပြီး အပေါ်ယံလေ့လာရုံနဲ့ကို စမ်းသပ်နိုင်ပါတယ်။ မာတင်ရိုင်းလ် ဦးဆောင်တဲ့ ကန်းဘရစ်ခ်ျက ရေဒီယိုနက္ခတာယာအဖွဲ့ဟာ ၁၉၆၀ အစောပိုင်းများမှာ အင်အားပျော့ ရေဒီယိုဆစ်ဂ်နယ်များကို လေ့လာစစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီဆစ်ဂ်နယ်များရဲ့ မူလဇစ်မြစ်အများစုဟာ ကျွန်တော်တို့ဂလက်ဆီအပြင်ဘက်မှာ ရှိနေတယ်ဆိုတာပါပဲ။ ပိုပြီး အင်အားလျော့နည်းလေလေ ကျွန်တော်တို့နဲ့ ပိုဝေးလေလေဖြစ်တယ်လို့ ယေဘုယျကောက်ချက်ချနိုင်ခဲ့ပါတယ်။ ဒီအချက်ဟာ တည်မြဲခြင်းသီအိုရီ နဲ့ ဆန့်ကျင်နေပြန်ပါတယ်။ ဒီအချက်အပါအ၀င် အခြားသောအကြောင်းအရာများကြောင့် တည်မြဲခြင်းသီအိုရီ ဟာ ပြိုပျက်ခဲ့ရပြန်ပါတယ်။

စကြ၀ဠာ ဟာ အစရှိတယ်ဆိုတဲ့ အယူအဆကို ဆန့်ကျင်ဖို့ နောက်ထပ်ကြိုးစားမှုတစ်ခုကတော့ စကြ၀ဠာဟာ ပြန့်ကားပြီး ပြန်ကျုံဝင်မယ်ဆိုတဲ့ သီအိုရီပါပဲ။ ဒါပေမယ့် သူတို့ပြန်ကျုံ့ဝင်တဲ့အခါ အမှတ်တစ်မှတ်တည်းမှာ ပြန်မဆုံပဲ လွဲသွားပြီးတော့ ထပ်မံ ပြန့်ကားသွားပြန်ဦးမယ်လို့ဆိုပါတယ်။ ရုရှားသိပ္ပံပညာရှင်နှစ်ယောက်ဖြစ်တဲ့ Lifshitz နဲ့ Khalatnikov တို့နှစ်ဦးဟာ ဒီသီအိုရီကို စတင် အဆိုပြုခဲ့တာပါ။ ဒီအဆိုဟာ ကားလ်မာ့စ် ရဲ့ အတွေးအခေါ်တို့နဲ့လဲ သွယ်ဝိုက်ကိုက်ညီနေပြီး စကြ၀ဠာဟာ ဖန်ဆင်းခံခဲ့ရတယ်ဆိုတဲ့အချက်ကိုလည်း သွေဖယ်ပြီးသားဖြစ်တာကြောင့် ရုရှားသိပ္ပံပညာရှင်များအကြား စိတ်ဝင်စားစရာတစ်ခုအဖြစ် ရေပန်းစားခဲ့ပါတယ်။

တကယ်လို့ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီဟာ မှန်ကန်တယ်ဆိုရင် စကြ၀ဠာဟာ အစရှိခဲ့ပါလိမ့်မယ်။ စကြ၀ဠာအစလို့ပြောတာထက် အချိန်ရဲ့ အစလို့ပြောရင်ပိုမှန်ပါလိမ့်မယ်။ မူလအစမှာ အမှတ်တစ်မှတ်တည်းရှိခဲ့ပြီး သိပ်သည်းမှုအနန္တ ဖြစ်ပြီး ဟင်းလင်းပြင်ရဲ့ ကွေးညွတ်မှုဟာလည်း အနန္တလိမ်ကွေးနေပါလိမ့်မယ်။ (ဒီအချက်ဟာ နှိုင်းရသီအိုရီအား မလေ့လာရသေးသူအတွက်တော့ နားလည်ရခက်မှာပါ။ နှိုင်းရသီအိုရီကို ဒီမဂ္ဂဇင်းမှာပဲ ကျွန်တော်ဆောင်းပါးတစ်ပုဒ်ထပ်ရေးထားပါသေးတယ်။ ဖတ်ကြည့်နိုင်ပါတယ်။) စကြ၀ဠာဟာ သိပ်သည်းမှုအနန္တရှိဖူးခဲ့တယ်ဆိုတဲ့ အယူအဆဟာ ၁၉၆၅ အောက်တိုဘာလ မှာ လေ့လာတွေ့ရှိမှုတွေကတစ်ဆင့် စတင်လာပါတယ်။ စတီဖင်ဟော့ကင်း ရဲ့ နောက်ခံမိုက်ခရိုဝေ့ဖ် များအား တွေ့ရှိမှုနဲ့ အတူတူစတင်ခဲ့တာပါ။ ဒီ မိုက်ခရိုဝေ့ဖ်တွေဟာ သင့်မီးဖိုချောင်ထဲက မိုက်ခရိုဝေ့ဖ်စက်ထဲမှာရှိတဲ့ လှိုင်းတွေနဲ့ ဆင်တူပါပဲ။ အနည်းငယ်သာ အင်အားလျော့နည်းပါတယ်။ သင့်ခေါက်ဆွဲကို ၂၇၁.၃ ဒီဂရီစင်တီဂရိတ်မှာ ပြုတ်ပေးနိုင်ပါတယ်။ ဒီမိုက်ခရိုဝေ့ဖ် တွေကို သင်ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်။ သင့်အိမ်က တီဗီကို လိုင်းအလွတ်တစ်ခုမှာ ထားပြီးဖွင့်ထားပါ။(ချန်နယ်လ် အလွတ်ကိုပြောတာပါ။) ခဏကြာတဲ့အခါ တီဗီဖန်သားပြင်ပေါ်မှာ သင်တွေ့ရမယ့် အဖြူရောင်အစက်ကလေးတွေဟာ အဲ့ဒီနောက်ခံ မိုက်ခရိုဝေ့ဖ်လေးတွေကြောင့်ဖြစ်ပေါ်လာတာပါ။ ဒီလှိုင်းတွေကို နောက်ခံမိုက်ခရိုဝေ့ဖ်(Background of microwaves) လို့ခေါ်ရတာဟာ သူတို့ဟာ အလွန်ပူပြင်းပြီး သိပ်သည်းလွန်းလို့ဖြစ်ပါလိမ့်မယ်။ စကြ၀ဠာပြန့်ကားလာတာနဲ့အမျှ ဒီနောက်ခံမိုက်ခရိုဝေ့ဖ်တွေဟာလည်း တစ်ဖြည်းဖြည်း အေးလာကာ နောက်ဆုံး ပျောက်ကွယ်သွားပါလိမ့်မယ်။ ယနေ့အချိန်အထိတော့ စကြ၀ဠာစတင်ဖြစ်ပေါ်စဉ် မဟာပေါက်ကွဲမှုဖြစ်ရပ်ရဲ့ လက်ကျန်မိုက်ခရိုဝေ့ဖ် တွေဟာ သိသာစွာရှိနေဆဲပဲဖြစ်ပါတယ်။
စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများဟာ စကြ၀ဠာဟာ အစရှိခဲ့တယ်ဆိုတာကို ဦးဆောင်သွားပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ 

(ယနေ့သိပ္ပံပညာရှင်များဟာ စကြ၀ဠာကိုစတင်ဖြစ်စေခဲ့တဲ့ မဟာပေါက်ကွဲမှုဖြစ်ရပ်ပြီး ၁၀-၄၃ စက္ကန့်(ဒသမနောက်မှ သုည ၄၃ လုံး) နောက်ပိုင်းက ဖြစ်ရပ်တွေကို တွက်ချက်နိုင်နေပါပြီ။ အဲ့ဒီအချိန်မတိုင်ခင် ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို လုံးဝမသိသေးပါဘူး။ ဒီ ၁၀-၄၃ ဆိုတဲ့အချိန်လေးကို ပလန့်က်အချိန် Planck’s Time လို့ခေါ်ပါတယ်။) အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီ ဟာ ဒီအချိန်လေးရဲ့ ဟိုဘက်ရောက်သွားရင် အသုံးမ၀င်တော့ပါဘူး။ ပြိုပျက်သွားပါတယ်။ ဒါ့ကြောင့် အိုင်းစတိုင်းရော စတီဖင်ဟော့ကင်းရောက စကြ၀ဠာဘယ်လိုအစပြုခဲ့တယ်ဆိုတာကို မပြောနိုင်ပဲ သူအစပျိုးပြီးနောက် ဘယ်လို ပြောင်းလဲဖြစ်တည်ခဲ့တယ်ဆိုတဲ့ အချက်ကိုသာပြောနိုင်ပါတယ်။ စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများကို ဖြေရှင်းဖို့ သင်ဟာ နည်းလမ်း နှစ်လမ်းနဲ့ တွေးနိုင်ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့နည်းလမ်းတွေနဲ့ ဘုရားသခင်ဟာ စကြ၀ဠာကြီးကို ဖန်ဆင်းခဲ့တယ်ဆိုတာဖြစ်ပါတယ်။ ဒါဟော ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် က တွေးတောခဲ့တဲ့နည်းလမ်းပါ။ ဗာတီကန်စီးတီး မှာပြုလုပ်ခဲ့တဲ့ ခရစ်ယာန်သာသနာရှုထောင့်ရဲ့ စကြ၀ဠာဆိုင်ရာအစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီးကပြောခဲ့တာပါ။ ဘာပြောခဲ့လဲဆိုတော့ စကြ၀ဠာအစပျိုးပြီးနောက် ဖြစ်ရပ်တွေကို လေ့လာတာဟာ လက်သင့်ခံလို့ရပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ လေ့လာဖို့မသင့်ဘူးလို့ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖန်ဆင်းခြင်းဟာ ဘုရားသခင်ရဲ့ ခမ်းနားတဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့လူသားတွေ ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးတဲ့။ ပုပ်ရဟန်းမင်းကြီးကို လေးစားသမှုရှိပေမယ့် ဒီအချက်ဟာ ကျွန်တော်နဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူးလို့ ပြောပါရစေ။ သိပ္ပံပညာရှင်အားလုံးလိုလိုကလည်း ဒီပြောကြားချက်ကို ဥပေက္ခာပြုပြီးတော့ ဆက်လက်လေ့လာနေကြဆဲပါ။

Singularity သီအိုရီကိုဖြေရှင်းနိုင်မယ့် နောက်နည်းလမ်းတစ်ခုကတော့ သိပ္ပံပညာရှင်အားလုံးလိုလို သဘောကျပါတယ်။ ဘာလဲဆိုတော့ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီဟာ တစ်ချိန်တစ်ခါက ဆွဲငင်အားစက်ကွင်းတွေ အလွန်အားကောင်းခဲ့တဲ့အချိန်မှာ အသုံးမ၀င်ခဲ့ဘူး၊ ဒီ နှိုင်းရသီအိုရီ ထက်ပိုပြီး ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုကို လိုအပ်နေတယ်ဆိုတာပါပဲ။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ ကြီးမားတဲ့အရာဝတ္ထုတွေမှာ အသုံးဝင်တယ်။ အက်တမ်ထက်သေးငယ်တဲ့ အရာတွေအတွက်ကျတော့ မမှန်တော့ပါဘူး။ ဒီလိုပဲ ကွမ်တမ်သီအိုရီ ဟာလည်း အက်တမ်အောက် အလွန်သေးငယ်တဲ့ အရာတွေမှာ အသုံးကျပေမယ့်လည်း ကြီးမားတဲ့အရာတွေမှာ အသုံးမ၀င်ပြန်ပါဘူး။ ဒီသီအိုရီနှစ်ခုကို ပေါင်းစည်းပေးနိုင်မယ့် ရဲရင့်တဲ့သိပ္ပံပညာရှင်တစ်ဦး၊ နိုဘယ်ဆုရှင်လောင်းတစ်ဦးကို ကမ္ဘာ့သိပ္ပံအသိုင်းအ၀ိုင်းက စောင့်မျှော်နေတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါ သီအိုရီဟာ စကြ၀ဠာကြီးဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ရှင်းပြနိုင်မှာဖြစ်လို့ပါပဲ။ စကြ၀ဠာဟာ ၁၀-၃၅ မီတာအရွယ်အစားသာရှိခဲ့တဲ့အချိန်မှာ ဒီသီအိုရီ နှစ်ခုဟာ ပေါင်းစည်းနိုင်နေပါတယ်။ ဒီအခြေအနေတစ်ခုတည်းမှာပါပဲ။ ဒီအရွယ်အစားကို Planck’s Length လို့ခေါ်ပါတယ်။ (စကြ၀ဠာဟာ Planck’s Time အချိန်မှာ Planck’s Length အရွယ်အစားရှိခဲ့တယ်ပေါ့။)

အခုဆိုရင် သင်ဟာ စကြ၀ဠာဟာ အစရှိခဲ့တယ်ဆိုတာကို သိနေပါပြီ။။ ဘယ်လိုစခဲ့လဲဆိုတာတော့ မသိသေးဘူး။ အဲ့ဒီလိုပဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာကော သိပြီလား။ မသိသေးပါဘူး။ ဒါဟာလဲ သိပ္ပံပညာရှင်တွေ အငြင်ပွားနေတဲ့ ပဟေဋိတစ်ခုဖြစ်ပါတယ်။ ဒီအချက်များကို သီအိုရီများအရတော့ ခန့်မှန်းနိုင်ပါတယ်။ စကြ၀ဠာကြီးရဲ့ တကယ်အရှိသိပ်သည်းခြင်း နဲ့ သီအိုရီများက တွက်ချက်ရရှိတဲ့ သိပ်သည်းခြင်းအချိုးကို အိုမီဂါ(Ω) လို့ ဖော်ပြနိုင်ပါတယ်။ (Ω) ဟာ စကြ၀ဠာတွင်းမှာ အရေးအပါဆုံး ကိန်းသေဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ စကြ၀ဠာကြီးရဲ့ ကြမ္မာကို ဆုံးဖြတ်ပေးလို့ပါ။
  • တကယ်လို့ (Ω) ဟာ တစ် နဲ့ အတိအကျညီနေခဲ့မယ်ဆိုရင်(တစ်နည်းအားဖြင့် တကယ့်အရှိ သိပ်သည်းခြင်းနဲ့ သီအိုရီကတွက်ချက်လို့ရတဲ့ သိပ်သည်းခြင်းတို့ အတိအကျတူနေခဲ့လျှင်) စကြ၀ဠာကြီးဟာ အချိန်အကန့်အသတ်မရှိ တစ်သမတ်နှုန်းနဲ့ ဆက်လက်ပြန့်ကားနေမှာဖြစ်ပါတယ်။

  • အကယ်၍ (Ω) ဟာ တစ်အောက် အနည်းငယ်မျှသာ လျော့နည်းနေမယ်ဆိုရင် (Ω<1) စကြ၀ဠာဟာ အချိန်အကန့်အသတ်မရှိ အစဉ်တိုးနေတဲ့ အရှိန်နဲ့ ပြန့်ကားမှာဖြစ်တယ်။ ဒီလိုဆိုရင် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြ၀ဠာကြီးဟာ ဗလာစကြ၀ဠာကြီးဖြစ်သွားပါလိမ့်မယ်။ ဒါကို အပွင့်စကြာဝဠာ Open Universe scenario လို့ခေါ်ပါတယ်။ ဒီလိုဆိုရင် ကြယ်တွေတစ်ခုနဲ့တစ်ခုကြားအလွန်ဝေးလံသွားတာကြောင့် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြ၀ဠာကြီးဟာ အေးခဲပြီး အဆုံးသတ်သွားနိုင်ပါတယ်။
  • တကယ်လို့ (Ω) ဟာ တစ်ထက် အနည်းငယ် ပိုကြီးနေခဲ့ရင်(Ω>1) ပြန့်ကားနေတဲ့ စကြ၀ဠာကြီးဟာ နောက်ဆုံးမှာ ပြန့်ကားနှုန်းတစ်ဖြည်းဖြည်းလျော့နည်းလာကာ နှေးကွေးသွားမယ်၊ ပြီးရင် ရပ်သွားမယ်။ ပြီးရင် အထဲကိုပြန်ကျုံ့ဝင်ပြီး မဟာဖိသပ်ညှပ်သိပ်မှုကြီး (Big Crunch) ဖြစ်သွားမှာပါ။ ပြီးတော့ မဟာပေါက်ကွဲမှုပြန်ဖြစ်ပြီး စကြ၀ဠာပြန်လည်စတင်လာမှာပါ။ အခုတင်ပြသွားတာတွေဟာ အနုမာန (Hypothesis) တွေဖြစ်ပြီး လက်တွေ့စမ်းသပ်မှုတွေက ရရှိလာတဲ့ တွေ့ရှိချက်တွေမဟုတ်သေးပါဘူး။

ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ စကြ၀ဠာလေ့လာရေးဆိုင်ရာ ပညာရပ်မှာ တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီ နဲ့ ပြန့်ကားနေတဲ့စကြ၀ဠာအယူအဆ တို့ဟာ ထာဝရတည်ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းစကြ၀ဠာအယူအဆကို ဆုတ်ဖြဲလိုက်ပါတယ်။ နှိုင်းရသီအိုရီ ကပြောတာကတော့ စကြ၀ဠာအပါအ၀င် အချိန် ဟာ အစရှိခဲ့ပါတယ်။ အဲ့ဒီအစကို မဟာပေါက်ကွဲမှု (Big Bang) လို့ ကျွန်တော်တို့သိထားပါတယ်။ ပြီးတော့ အချိန်ဟာ တွင်းနက်များနဲ့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဒီသုံးသပ်ချက်ကို စကြ၀ဠာနောက်ခံမိုက်ခရိုဝေ့ဖ်များ နဲ့ တွင်းနက်များကို တွေ့ရှိမှုများက ထောက်ခံလာပါတယ်။ ဒါဟာ စကြ၀ဠာလေ့လာမှုသမိုင်းမှာ အောင်ပွဲခံခဲ့တဲ့ တွေ့ရှိမှုကြီးပဲဖြစ်ပါတယ်။ ယေဘုယျနှိုင်းရသီအိုရီဟာ စကြ၀ဠာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံ ခန့်က မဟာပေါက်ကွဲမှုနဲ့စတင်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ပေမယ့် စကြ၀ဠာကိုယ်၌က အဲ့ဒီမဟာပေါက်ကွဲမှုကနေ ဘယ်လိုစဖြစ်ခဲ့လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် နှိုင်းရသီအိုရီဟာလည်း စကြ၀ဠာဆိုင်ရာ အဓိကမေးခွန်းကြီးကို အဖြေမပေးနိုင်သေးပါဘူး။ ဘာ့ကြောင့် စကြ၀ဠာကြီးဟာ အခုသူဖြစ်နေသလို ဖြစ်နေရတာလဲ။ တကယ်လို့ ယေဘုယျနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်သီအိုရီနှစ်ခုကို ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်တော့ စကြ၀ဠာဘယ်လိုစတင်ခဲ့တယ်ဆိုတာကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။

ယခုကျွန်တော်တို့ကြုံတွေ့နေရတဲ့ကာလကို အထွတ်အထိပ်ကာလလို့ခေါ်နိုင်ပါတယ်။ အဆိုပါ သီအိုရီနှစ်ခု လက်ထပ်ပေါင်းစည်းနိုင်လိုက်ခြင်းဟာ အစစအရာရာတိုးတတ်သွားမှာဖြစ်ပြီး ကြယ်များနဲ့ ဂလက်ဆီများအပြင် စကြ၀ဠာအတွင်းမှာရှိတဲ့ အခြားသောအရာများအားလုံး ဖြစ်ပေါ်လာပုံကိုပါ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အများကြီးကြိုးစားရဦးမှဖြစ်ပေမယ့် စကြ၀ဠာရဲ့ မူလအစကို နားလည်သိရှိလာနိုင်ဖို့အတွက် လမ်းကြောင်းပေါ်မှာရောက်ရှိနေပြီး မကြာခင် ပန်းတိုင်ကိုရောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာကာသယာဉ်များကို နည်းပညာမြင့်စွာထုတ်လုပ် လွှင့်တင်ပြီး သူတို့ကြားက အကွာအဝေးကိုတိုင်းတာခြင်းအားဖြင့် စကြ၀ဠာနောက်ခံမိုက်ခရိုဝေ့ဖ် များကို တိကျစွာ တိုင်းတာဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကာလအသီးသီးမှာရှိခဲ့တဲ့ စကြ၀ဠာကြီးရဲ့ သိပ်သည်းမှုကို တိတိကျကျတိုင်းတာနိုင်တော့မှာဖြစ်နိုင်ပါတယ်။

ကြီးမားတဲ့အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့် အရာရာကိုတော့ မဖြေရှင်းရသေးပါဘူး။ ကျွန်တော်တို့မသိသေးတာ၊ သိပ္ပံပညာက မဖြေရှင်းနိုင်သေးတာတွေဟာ ဒုနဲ့ဒေးရှိနေပါသေးတယ်။ စကြ၀ဠာကြီးရဲ့ သိပ်သည်းခြင်းကိုပါ အတိအကျမသိသေးတဲ့အပြင် ပြန့်ကားနှုန်းရဲ့ ပြောင်းလဲမှုတွေကိုပါ မသိသေးပါဘူး။ ဒါတွေကို မသိသေးပဲနဲ့ စကြ၀ဠာကြီးရဲ့ အနာဂတ်ကိုလည်း ရေရေရာရာသိမှာမဟုတ်ပါဘူး။ စကြ၀ဠာကြီးဟာ ထာဝရ ပြန့်ကားသွားမှာလား။ ဒီဖောင်းပွမှုဟာ သဘာဝတရားကြီးရဲ့ နိယာမ တစ်ခုပဲလား။ ဒါမှမဟုတ် ပြန်ပြီးကျုံ့ဝင်သွားဦးမှာလား။ အခုဆိုရင် လေ့လာတွေ့ရှိမှုတွေ နဲ့ သီအိုရီတွေက ရရှိလာတဲ့ ရလာဒ်တွေဟာ ဟိုတစ်စဒီတစ်စ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ သိပ္ပံပညာ နဲ့ စကြ၀ဠာကြီးကို လေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ တော်ရုံတက်ကြွတဲ့စိတ်ဓာတ်လောက်နဲ့လဲ လေ့လာလို့မဖြစ်ပါဘူး။ စတီဖင်ဟော့ကင်းပြောသလိုပါပဲ ကျွန်တော်တို့ဟာ စကြ၀ဠာပြင်ကျယ်ကြီးထဲက သာမန်အဆင့်ရှိတဲ့ ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ်ငယ်လေးတစ်လုံးပေါ်က အဆင့်မြင့်မျောက်မျိုးနွယ်စု တစ်စုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ စကြ၀ဠာကြီးအကြောင်းကိုလေ့လာနေပါပြီ။ ဒီအချက်ဟာ အရမ်းကို အားရဖို့ကောင်းပါတယ်။ အခုဆို သမိုင်းချီခဲ့တဲ့ ကာလအရှည်ကြာမေးခွန်းဟောင်းကြီးကို အဆုံးသတ်ဖြေဆိုနိုင်ဖို့ နီးစပ်နေပါပြီ။

ကျွန်တော်တို့ဘာ့ကြောင့်ဒီနေရာမှာ ရှိနေကြရတာလဲ။ ကျွန်တော်တို့ ဘယ်ကရောက်လာကြတာလဲ။

- သာထက်အောင်

Wednesday, September 24, 2014

Curiosity Science Magazine issue 4(October)

အားလုံး စောင့်မျှော်နေတဲ့ Curiosity Science Magazine issue 4 ထွက်လာပါပြီ။ ဒီတစ်ခါ Issue မှာတော့ ဆောင်းပါးများကို ဦးစားပေးပြီး ရေးသားထားကြတဲ့အပြင် Contributor များတိုးလာတဲ့အတွက် စာများများ ဖတ်ရမှာပါ။ အောက်ပါ link များမှာ အခမဲ့သွားရောက် ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ်။

Mobile Version
PC Version

ပါဝင်တဲ့အကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ကြံ့ချိုအကြောင်းသိကောင်းစရာ - ဖြစ်ရပ်မှန် နှင့် ပုံပြင်(ကျော်စွာလင်း)
- Buckingham Pi Theorem အပိုင်း -၁ (သော်ဇင်ထွန်း)
- ပန်းတွေဘာ့ကြောင့်တည်ရှိနေတာလဲ။ ဘောလုံးတွေဘာ့ကြောင့်ခုန်တာလဲ။ (သာထက်အောင်)
- အရွယ်သေးငယ်တဲ့ တိရိစ္ဆာန်တွေက ဘာဖြစ်လို့ ကင်ဆာကို မခုခံနိုင်တာလဲ (ကျော်စွာလင်း)
- ရူပဗေဒနှင့် အခြားသိပ္ပံဘာသာရပ်များ၏ ဆက်နွယ်မှု (ဉာဏ်ဟိန်း)
- လူသားဆင့်ကဲပြောင်းလဲမှုနှင့် ပတ်သက်တဲ့ အမေးအဖြေများ (ကျော်စွာလင်း)
- နေမင်းကြီးရဲ့ ဘ၀ ( သီဟ - ဆေး၂ )
- အလင်း သို့မဟုတ် စကြ၀ဠာ၏ စေတမန်တော် (သော်ဇင်ထွန်း)
- Stargazer ကိုမျိုးလှိုင်၏ ရိုက်ချက်
- အင်္ဂါဂြိုဟ်ပေါ်က ခရီးသည် "Curiosity" (ထူးဇော်လွင်)
- Nikola Tesla ၏ ကမ္ဘာကိုပြောင်းလဲစေသော တီထွင်မှု ၁၀ ခု (သာထက်အောင်)
- သက္ကရာဇ် ၂၁၀၀ ပြည့်နှစ်ကျော်တွင် အာကာသအခြေစိုက် ယာဉ်ပျံမြို့ကြီးများ ဖန်တီးတည်ထောင်ပြီး လူသားများ အခြေချနေနိုင်တော့မည်ဟု ပညာရှင်များ ခန့်မှန်းပြောကြား (၀င်းကိုကိုအောင်)
- အရူးတစ်ယောက်ပြောတာ နားထောင်ကြည့် (သာထက်အောင်)
- လူသိနည်းသော သူရဲကောင်းတစ်ဦး၏ အကျဉ်းချုပ် ဒိုင်ယာရီ (သာထက်အောင်)
- Asteroid လို့ခေါ်တဲ့ ဂြိုဟ်သိမ်၊ ဂြိုဟ်မွှားများအကြောင်း (သန့်ထူးအောင်)

Tuesday, July 29, 2014

Curiosity Science Magazine Issue 2(July-2014)

ဒုတိယအကြိမ် Curiosity Science Magazine (July 2014) ကို ဒီမှာဒေါင်းလုပ်  အခမဲ့လုပ်ယူနိုင်ပါသည်။

ဒုတိယအကြိမ် Curiosity Science Magazine (July 2014) တွင်ပါဝင်သောအကြောင်းအရာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
-       ASC II Code အကြောင်းတစ်စေ့တစ်စောင်း (ထူးဇော်လွင်)
-       စကြ၀ဠာ၏အစ (သို့မဟုတ်) မဟာပေါက်ကွဲခြင်းသီအိုရီ (သော်ဇင်ထွန်း)
-       အမှောင်ထုအပြည့်နှင့် နှစ်တစ်နှစ် (သာထက်အောင်)
-       ဂျူပီတာဂြိုဟ်၏ လမင်းကြီးများ (သန့်ထူးအောင်)
-       မဖြေရှင်းနိုင်သေးတဲ့ အထင်ရှားဆုံးပြသနာ (၁၀) ခု (ကျော်ဇွာလင်း)
-       အချိန်ခရီးသွားသူတွေ တကယ်ရှိသလား (Legend)
-       ကိုမျိုးလှိုင်ရဲ့ အာကာသဓာတ်ပုံ
-       ကမ္ဘာ့ကျောက်ဖျာ ဘူမိဗေဒပေါ်ထွက်လာခြင်း (ကျော်ဇွာလင်း)
-       လာမည့် အနာဂတ် နှစ်ပေါင်း ၃၀၀ အတွင်း လူသားများစကြ၀ဠာအတွင်း နယ်မချဲ့နိုင်ခဲ့လျှင် (၀င်းကိုကိုအောင်)
-       သိပ္ပံပညာရှင်ကြီးဖြစ်ချင်တယ် (သာထက်အောင်)
-       အချစ်ကို သိပ္ပံရှုထောင့်မှ လေ့လာခြင်း (၀င်းကိုကိုအောင်)
-       ကလေးငယ်တစ်ယောက်၏ စိတ်ကူးစိတ်သန်း (သာထက်အောင်)
-       အချိန်နှင့်အလျင်(အချိန်ကိုတကယ်ပြောင်းလို့ရသလား) (သာထက်အောင်)
-       ကာဒေးရှပ်စကေး -- Kardeshevscale (အောင်ဆက်ကေမင်း)
-       သိပ္ပံရုပ်ရှင် နှင့် ဗီဒီယိုဂိမ်း ရီဗျူး (Legend)

Thursday, June 12, 2014

သိပ္ပံပညာရှင်ကြီးဖြစ်ချင်တယ်

ကြည့်ပါဦး။ဒီလိုစကြ၀ဠာထဲက အရမ်းသေးငယ် လှတဲ့ အစက်ကလေးပေါ်မှာ     နေထိုင်ကြတဲ့ ကျွန်တော်တို့ လူသားတွေ။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီးများ စကြ၀ဠာကြီးအကြောင်းကို လေ့လာနိုင်နေကြတာလဲ။ ဘယ်လိုလုပ်များ ကြယ်စင်စုကြီးတွေကြားကို ကျွန်တော်တို့ ပြုလုပ်ထားတဲ့ အာကာသယာဉ်ငယ်လေးတွေ ပို့နိုင်နေကြတာလဲ။


ဒါတွေအကုန်လုံးဟာ လွန်ခဲ့တဲ့ရာစုနှစ်အနည်း ငယ် အတွင်းမှာပဲဖြစ်ပျက်လာခဲ့တာပါ။တစ် ဟုန်ထိုးဆိုသလို လူသားတွေဟာ စကြ၀ဠာကြီး ထဲကို ခြေဆန့်လာခဲ့ကြတာပါ။ အဲ့ဒီမတိုင်ခင်
အထိ ကျွန်တော်တို့ဟာ ဘယ်မှာ၊ ဘယ်အချိန်မှာ ရှိနေတယ်ဆိုတာကို စိုးစွန်းမှ မသိသေးပါဘူး။  သေးငယ်လှတဲ့ စကြ၀ဠာ
လေး။ ကမ္ဘာဗဟိုပြုစကြ၀ဠာလေး။ ဒီစကြ၀ဠာအကျဉ်းခန်းငယ်လေးထဲကနေ ကျွန်တော်တို့ ဘယ်လို လွတ်မြောက် လာပါသလဲ။ ဒါဟာ ခေတ်အဆက်ဆက်ရဲ့ ရှာဖွေသူတွေ၊ လေ့လာသူတွေ၊ စူးစမ်းသူတွေရဲ့ ကြိုးစားအား ထုတ်မှုတွေကြောင့်ပါ။ သူတို့ကို နာမ်စားတစ်ခုနဲ့ ခေါ်နိုင်တယ်။ သိပ္ပံပညာရှင်များ။ သူတို့ရဲ့ ရင်ဘက်ထဲ အသည်းနှလုံးထဲမှာ အလွန်ရိုးရှင်းတဲ့ အခြေခံစည်းမျဉ်း ၅ ခုရှိပါတယ်။


၁ ။ အကြီးအကဲများကို မေးခွန်းထုတ်ပါ။

     (တစ်စုံတစ်ယောက်က ပြောလိုက်ရုံနဲ့ အဲ့ဒီအချက်ဟာ မမှန်နိုင်ပါဘူး။ ဘုရားအပါအ၀င်ပေါ့။)
၂ ။ မိမိကိုယ်တိုင် စဉ်းစားပါ။
၃ ။ မိမိကိုယ်ကို မေးခွန်းထုတ်ပါ။
     (ခင်ဗျားစိတ်ကျေနပ်တာနဲ့ပဲ အဲ့ဒီအချက်တစ်ချက်ကို မှန်ပြီလို့ မယုံလိုက်ပါနဲ့။ ခင်ဗျားရဲ့ ယုံကြည်မှုဟာ         အမှန်မဟုတ်ပါဘူး။)
၎ ။ လက်တွေ့စမ်းသပ်မှု၊ လေ့လာတွေ့ရှိမှုတွေကရတဲ့ သက်သေတွေက တစ်ဆင့် စဉ်းစားဆင်ခြင်ပါ။
     (တစ်ကယ်လို့ ကိုယ်အနှစ်သက်ဆုံးဖြစ်နေတဲ့ အချက်ဟာ စမ်းသပ်ချက်တစ်ခုမှာ မှားယွင်းသွားသလား။      ဒါဆို အဲ့ဒီအချက်ကို လက်လွှတ်လိုက်ပါတော့။ သက်သေတစ်ခုက ခေါ်ဆောင်သွားတဲ့ နေရာမှန်သမျှကို      လိုက်သွားပါ။)
အားလုံးထဲက အရေးအကြီးဆုံး အချက်ကတော့ 
၅ ။ စိတ်ထဲမှာ မှတ်ထားပါ။ သင်ဟာမှားနေနိုင်တယ်ဆိုတာ။
အတော်ဆုံး၊ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်တွေ။ နယူတန်၊ အိုင်းစတိုင်း၊ ဖာရာဒေး၊ တက်စ်လာ၊ အခြား သမိုင်းတစ်လျှောက် သိပ္ပံပညာရှင်တွေ အကုန်လုံး။ သူတို့အားလုံးဟာလဲ တစ်စုတစ်ခုမှာတော့ မှားခဲ့ကြ တယ်။ အမှားတွေ လုပ်ခဲ့ကြတယ်။ ဟုတ်ပါတယ်။ သူတို့ဟာ ပုထုစဉ်လူသားတွေလေ။


တကယ်တော့ သိပ္ပံပညာဆိုတာ ကျွန်တော်တို့နဲ့ သဘာဝကြီးအကြား နားလည်မှုတွေမလွဲအောင် ချိတ်ဆက် ပေးထားတဲ့ ပေါင်းကူးတံတားပါပဲ။ စကြ၀ဠာကြီးဟာ မှောင်မိုက်နေတယ်။ အစက်က လေးအချို့က ဟိုတစ်ကွက်ဒီတစ်ကွက်နဲ့။ကြယ်တွေ ရဲ့အကွာအဝေးတွေကိုတိုင်းတာ၊ ကမ္ဘာကြီးရဲ့ သက်တမ်းကိုတွက်ချက်တာ၊သက်ရှိတွေ ဘယ်လိုစ ဖြစ်သလဲ စူးစမ်းတာ။ ဒါတွေလုပ်လိုက်တော့ကော ဘာတွေထူးသွား သလဲ။ ကောင်းပြီ။ ဒီအချက်ဟာ ခင်ဗျားနေချင်စိတ်ရှိတဲ့စကြ၀ဠာရဲ့ အရွယ်အစား အပေါ်မှာ မူတည်လိမ့်မယ်။ အချို့ဟာ စကြ၀ဠာ သေးသေးလေးထဲမှာပဲ နေချင်ကြတယ်။ အဆင်ပြေ ပါတယ်။ နားလည်ပေးလို့ရပါတယ်။ ကျွန်တော်ကတော့ အကြီးကြီးထဲမှာ နေချင်တယ်ဗျာ။ ကျွန်တော် ဒီအချက်ကိုစိတ်ထဲအသည်းနှလုံးထဲသွင်းလိုက်တဲ့အချိန်မှာများဆိုရင်လေ....ကျွန်တော်ဟာ လေထဲကို မြောက်နေသလိုပါပဲ။ ကျွန်တော်ဒီလို ခံစားမိတိုင်း ကိုယ့်ကိုယ်ကို ပြန်မေးမိပါတယ်။ ဒါဟာ တစ်ကယ်ဖြစ် နေတာလား။ ကျွန်တော့်ခေါင်းထဲမှာပဲဖြစ်နေတာလား။ ထားပါတော့။ တစ်ကယ်အရေးပါတာကတော့ အမှန်တရားပါ။ ကျွန်တော်တို့ရဲ့ စိတ်ကူး စိတ်သန်းတွေဟာ သဘာဝတရားကြီးရဲ့ ဆန်းကြယ်မှုတွေနဲ့ ယှဉ်လိုက်ရင် ပမွှား လေးပါ။
ကျွန်တော် အဲ့ဒီမှောင်မိုက်နေတဲ့ နေရာတွေမှာ ဘာတွေရှိလဲ သိချင်တယ်။ Big Bang မတိုင်ခင် ဘာတွေ   ဖြစ်ခဲ့လဲ သိချင်တယ်။ စကြ၀ဠာကြီးရဲ့ အစွန်းတစ်ဖက်မှာ ဘာတွေရှိလဲ သိချင်တယ်။ သက်ရှိတွေ ဘယ်လို စဖြစ်ခဲ့လဲ သိချင်တယ်။ စကြ၀ဠာကြီးရဲ့ အခြားတစ်နေရာမှာ ကျွန်တော်တို့လို သက်ရှိတွေ ရှိသေးသလား သိချင်တယ်။ ရှိရင်လဲ မြင်ဖူးချင်တယ်။ ကျွန်တော်တို့လူသားတွေရဲ့ ဘိုးဘေးဘီဘင်တွေကို သိချင်တယ်။ သူတို့အကုန်လုံးကို သိချင်တယ်။ ကျွန်တော် ဒီမျိုးဆက်တွေရဲ့ ကြားမှာ ကောင်းကျိုးပေးတဲ့ ခိုင်မာတဲ့ အချိတ် အဆက်လေးတစ်ခုဖြစ်ချင်တယ်။ ကျွန်တော် နောင်လာမယ့် မျိုးဆက်လေးတွေကို ကာကွယ်ပေးချင်တယ်။ ကောင်းကျိုးပေးချင်တယ်။ 
ကျွန်တော်....... သိပ္ပံပညာရှင်ကြီးဖြစ်ချင်တယ်။

-
သာထက်အောင်

Monday, May 12, 2014

NASA Spotted A Square Hole On The Round Sun

There appears to be a square hole in the sun -- but why?
Video released by NASA's Solar Dynamics Observatory shows a "coronal hole" on the sun. According to NASA:
"A coronal hole is an area where high-speed solar wind streams into space. It appears dark in extreme ultraviolet light as there is less material to emit in these wavelengths."
The hole was captured on video taken May 5 to 7, 2014.
 "Inside the coronal hole you can see bright loops where the hot plasma outlines little pieces of the solar magnetic field sticking above the surface," the Solar Dynamics Observatory explains in the video description. "Because it is positioned so far south on the Sun, there is less chance that the solar wind stream will impact us here on Earth."
In 2013, NASA spotted a large coronal hole near the sun's north pole and noted, "While it’s unclear what causes coronal holes, they correlate to areas on the sun where magnetic fields soar up and away, failing to loop back down to the surface, as they do elsewhere."

via Discovery Channel

Sunday, April 20, 2014

ကျွန်တော်တို့ဟာ ငါးလေးတွေလိုများဖြစ်နေမလားမသိဘူးနော်

Come with me

"Science is the Poetry of Reality"


ကျွန်တော်မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ဖေဖေနဲ့ မေမေက ကျွန်တော့်ကို မဟာမြတ်မုနိဘုရားကို ခေါ်သွားတယ်။ အဲ့ဒီမှာ လိပ်ကန်ငါးကန်ရှိတယ်။ ကြာပန်းအောက်မှာ ငါးကြင်းရောင်စုံတွေ လိပ်ကလေးတွေကူးနေပါတယ်။ အဲ့ဒီဘေးမှာ ထိုင်ကြည့်နေရတာ အတော်ကိုပျော်ဖို့ကောင်းပါတယ်။

တိတ်ဆိတ်နေပါတယ်။ ကျွန်တော်လဲ ကျွန်တော့်စိတ်ကူးတွေဘယ်ရောက်ရောက်လွှင့်ထားလိုက်ပါတယ်။ ကလေးတစ်ယောက်ဆိုတော့ ကလေးတွေမေးတဲ့ အူကြောင်ကြောင်မေးခွန်းတွေလဲ ကိုယ့်ကိုကိုယ်မေးလေ့ရှိပါတယ်။ ရေကန်ထဲက ငါးဟာ ကမ္ဘာကြီးကို ဘယ်လိုမြင်မလဲပေါ့နော်။ ငါးတို့ရဲ့ ကမ္ဘာကြီးဟာလဲ ထူးဆန်းနေမှာပဲ။

ငါးကလေးတွေကတော့ သူတို့ရဲ့ကမ္ဘာကြီးဟာ နောက်နေတဲ့ရေရယ်၊ ကြာပန်းတွေရယ်နဲ့ လုပ်ထားတယ်လို့ ယုံကြည်နေမှာပဲ။ ရေအောက်မှာနေတော့ ရေပြင်အထက်မှာ ကမ္ဘာစိမ်းတစ်ခုရှိတယ်လို့တော့ ခပ်ဝါးဝါးသိမှာပေါ့။ ဒါပေမယ့်ကျွန်တော်တို့ ကမ္ဘာကိုသူဘယ်လိုလုပ်နားလည်မလဲ။ ငါးလေးတွေနဲ့ ကျွန်တော်ထိုင်နေတဲ့နေရာက လက်မ အနည်းငယ်ပဲကွာတယ်။ ဒါပေမယ့် အလွန်ကြီးမားတဲ့ ချောက်ကြီးခြားထားသလိုပါပဲ။ ငါးကလေးတွေနဲ့ ကျွန်တော်နဲ့က တစ်ယောက်တစ်ကမ္ဘာစီ။ တစ်ယောက်ကမ္ဘာထဲကို တစ်ယောက်မ၀င်၊ သို့သော် ရေမျက်နှာပြင်ပါးပါးလေးသာ ခြားထားပါတယ်။

ငါးတွေမှာလဲ ငါးသိပ္ပံပညာရှင်တွေရှိမှာပဲနော်။ ငါးသိပ္ပံပညာရှင်တစ်ယောက်က ကြာတွေအထက်မှာ ကမ္ဘာတစ်ခုရှိနေတယ်လို့ပြောရင် ကျန်ငါးပညာတတ်တွေက အဲ့ဒီငါးကို ပြက်ရယ်ပြုကြမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ငါးပညာတတ်တွေအဖို့ ငါး ထိတွေ့၊ မြင်နိုင်တာတွေကမှ အစစ်အမှန်ဖြစ်လို့ပါပဲ။ ရေကန်ဟာ သုတို့အတွက် အလုံးစုံပဲ။ ရေကန်ကျော်တဲ့ မမြင်ရတဲ့ ကမ္ဘာရှိတယ်ဆိုတာ သိပ္ပံတွေးနည်းမဟုတ်ဘူး။ တစ်နေ့မှာတော့ မိုးတွေရွာချတယ်။ ရေကန်ရဲ့ ရေပြင်ကို မိုးစက်မိုးပေါက်တွေကျတယ်။ ရေပြင်ကလေး ဗယောက်ဗယက် မငြိမ်မသက်ဖြစ်ပါတယ်။ မိုးနဲ့လေက လွတ်ရာ ကျွန်တော်ပြေးတုန်းမှာ ရေကန်ထဲက ငါးလေးတွေဒီကိစ္စကို ဘယ်လိုတွေးတုန်း ကျွန်တော်စဉ်းစားမိတယ်။ ကြာပန်းတွေက သူ့ဟာသူလှုပ်နေတာ။ ဘာကမှ သူ့ကို မတွန်းပဲနဲ့။ လေကို ကျွန်တော်မြင်ရသလို ငါးလေးတွေက ရေကို မြင်မှာမဟုတ်တော့(လေထဲမှာ ကျွန်တော်နေတယ်။ ရေထဲမှာ ငါးလေးတွေနေတယ်။ ကျွန်တော်က လေကိုမမြင်ဘူး။ ငါးလေးတွေကလဲ ရေကိုမြင်မှာ မဟုတ်ဘူး။) ကြာပန်းတွေသူ့အလိုလို လှုပ်နေပါလားလို့ ကြံရ တွေးရ ခက်နေမှာပဲ။

ငါးပညာတတ်ကြီးတွေကတော့ သူတို့မသိတာကို ဖုံးကွယ်ချင်တာနဲ့ “အား” တစ်ခုခုရှိနေတယ်လို့ လုပ်ဇာတ်ခင်းပြီး ညဏ်စင်ရမှာပဲ။ ရေပြင်အထက်မှာ လှိုင်းရှိတာမသိနိုင်တော့ ဘယ်သူဘယ်ဝါကမှ မတွန်းဘဲနဲ့ ကြာပန်းတွေလှုပ်တာဟာ  ကြာပန်းတွေတစ်ခုနဲ့ တစ်ခုအပေါ်မှာ သက်ရောက်နေတဲ့ “အား”ကြောင့် လို့ပြောကြမှာပဲ။ တစ်ခြားခမ်းနားတဲ့ အမည်လဲ တပ်ကောင်းတပ်နိုင်ပါတယ်။ အဝေးက သက်ရောက်နိုင်မှု၊ ဘာကမှလဲ မထိပဲနဲ့ ရွေ့နိုင်ပါတဲ့ ကြာရဲ့ စွမ်းရည် အဲ့သလိုအမည်တွေပေးမှာပါပဲ။

ကျွန်တော်က ငါးသိပ္ပံပညာရှင်တစ်ယောက်ကို ရေကန်ထဲကနေ အပြင်ဘက်ကို ထုတ်လိုက်ရင် ဘယ်လိုများနေပါ့မလဲ။ ငါးသိပ္ပံပညာရှင်ကြီးကတော့ ကျွန်တော်သူ့ကို စမ်းနေတုန်းမှာ တွန့်လိမ်နေမှာပဲ။ ရေကန်ထဲက သူ့ရောင်းရင်းတွေကကော သူပျောက်သွားတာကို ဘယ်လိုစဉ်းစားကြမှာလဲ။ တစ်ကောင်ကောင်ကတော့ သူတို့ကမ္ဘာက ပျောက်သွားတယ်ဆိုတာကို သတိပြုမိမှာပဲ။ ဘာသဲလွန်စမှ မရှိပဲနဲ့ ဘယ်လိုပျောက်သွားပါလိမ့်၊ ဘယ်လိုကြည့်ကြည့် သူတို့ ကမ္ဘာထဲမှ ခုနက ငါးသိပ္ပံပညာရှင်ကြီးမရှိတော့ဘူး။ စက္ကန့်အနည်းငယ်ကြာတဲ့အခါ အဲ့ဒီအကောင်ကို ကျွန်တော်ရေကန်ထဲပြန်ပစ်ချလိုက်တဲ့အခါမှာတော့ ပျောက်သွားတဲ့ သိပ္ပံပညာရှင်ငါးကြီး ပြန်ပေါ်လာပြီ။ ငါးတွေအဖို့ မယုံနိုင်စရာ အထူးအဆန်းတော့ ဖြစ်နေပါပြီ။

အပြင်ရောက်တဲ့ငါးသိပ္ပံပညာရှင်က အံ့ဖွယ်သူရဲ တွေပြောပြတော့မှာပါပဲ။ “ငါ့ကွာ၊ ရုတ်တရက် ကမ္ဘာ(ရေကန်) ထဲက မြောက်သွားပြီးတော့ ထူးဆန်းတဲ့ ငရဲပြည်ကိုရောက်သွားတယ်။ အဲ့မှာ တော်တော်ပူတယ်။ မျက်စိကျိန်းလောက်အောင် လင်းတယ်။ ထူးထူးဆန်းဆန်းပုံသဏ္ဍာန်ရှိတဲ့ အရာဝတ္ထုတွေကိုလဲ တွေ့ရတယ်။ အထူးဆန်းဆုံးကတော့ ငါ့ကို ဖမ်းထားတဲ့သတ္တ၀ါပဲ(ကျွန်တော့်ကိုပြောတာ)။ ငါတို့နဲ့ နည်းနည်းလေးမှ မတူဘူးကွာ။ ငါဖြင့် ဆူးတောင်မရှိတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတာ လန့်သွားတာပဲ။ ဒါပေမယ့် ဆူးတောင်မရှိလဲ သူက လှုပ်ရှားနိုင်တယ်ကွ။ အဲ့ဒီငရဲပြည်ကို ငါတို့ဆီက နိယာမတွေနဲ့ ပြောလို့မရဘူးထင်တယ်ကွ။ ဒါနဲ့ ချက်ချင်းဆိုသလို ခုငါ ငါတို့ကမ္ဘာဆီပြန်ရောက်နေတာကို တွေ့ရတော့တာပဲ၊” (ငါးအများစုသည် ငါးကမ္ဘာအပြင်ဘက် ထိုခရီးကို ထိုငါး ပေါက်တတ်ကရ လျှောက်ပြောနေတာလို့ပဲ ထင်ကြသည်။)

ကဲ………. ကျွန်တော်တို့ဟာ ရေအိုင်လေးတစ်ခုမှာ ရောင့်ရောင့်ရဲရဲ ကူးခက်နေတဲ့ ငါးတွေလိုပါပဲ။ ကိုယ့်ရေအိုင်ထဲမှာ တစ်လျှောက်လုံးကူးနေပြီးတော့ ကျွန်တော်တို့စကြာဝဠာဟာ ကျွန်တော်တို့မြင်နိုင်ကြားနိုင်တဲ့အရာတွေပဲ ရှိတယ်လို့ ယုံကြည်နေတာပါပဲ။ တွေ့ဆုံကျ၊ မြင်နေကျ အရာတွေပဲ ရှိတယ်လို့ ယုံကြည်နေတော့ အခြားကမ္ဘာတွေ၊ တခြားအတိုင်းဒိုင်မန်းရှင်းတွေ ကျွန်တော်တို့ ကပ်ကပ်လေးမှာတင်တည်ရှိနေနိုင်တယ်ဆိုတာကို ငြင်းကြတာပါပဲ။ ကျွန်တော်တို့သိပ္ပံပညာရှင်တွေက “အား” အယူအဆတွေကို တီထွင်လိုက်တာကလည်း သူတို့ဟာ ကျွန်တော်တို့နားက ဟင်းလင်းပြင်မှာ ရှိနေတဲ့ မမြင်နိုင်တဲ့ တုန်ခါမှုလှိုင်းတွေကို မသိကြလို့ပါပဲ။( လူတွေမမြင်နိုင်မကြားနိုင်တာတွေအများကြီးရှိသေးတယ်။ ဥပမာ ခရမ်းလွန်ရောင်ခြည်၊ အနီအောက်ရောင်ခြည် စသဖြင့် Spectrum ပြင်ပကအလင်းတွေ၊ အသံလှိုင်းမှာလဲ တုန်နှုန်း 20 Hz နဲ့ 20000 Hz ပြင်ပကအရာတွေကို မကြားနိုင်ပါဘူး)။ စမ်းသပ်ခန်းထဲမှာ မတွေ့နိုင်တာနဲ့ အခြားအတိုင်း ဒိုင်မန်းရှင်းတွေ ရှိတယ်လို့ ပြောရင်တောင် အချို့ သိပ္ပံပညာရှင်တွေက လှောင်ချင်ကြပါတယ်။

ရေကန်နားကပြန်လာပြီးကတည်းက ကျွန်တော်ကတော့ အခြား ဒိုင်မန်းရှင်းတွေ ရှိနေနိုင်တယ်လို့ သဘောတကျ တွေးမိတယ်။ ကာလခရီးသည်ကြီး တခြား ဒိုင်မန်းရှင်းတွေထဲကိုဝင်၊ အခြားသော စကြာဝဠာကြီးတွေထဲကိုရောက်တဲ့ သိပ္ပံပုံပြင်တွေကို မက်မက်မောမော ဖတ်တော့တာပါပဲ။

Thursday, March 13, 2014

What is a Wormhole?

A model of 'folded' space-time illustrates how a wormhole bridge might form with at least two mouths that are connected to a single throat or tube.Credit: edobric


A wormhole is a theoretical passage through space-time that could create shortcuts for long journeys across the universe. Wormholes are predicted by the theory of general relativity. But be wary: wormholes bring with them the dangers of sudden collapse, high radiation and dangerous contact with exotic matter.


Wormhole theory


In 1935, physicists Albert Einstein and Nathan Rosen used the theory of general relativity to propose the existence of "bridges" through space-time. These paths, called Einstein-Rosen bridges or wormholes, connect two different points in space-time, theoretically creating a shortcut that could reduce travel time and distance.

Wormholes contain two mouths, with a throat connecting the two. The mouths would most likely be spheroidal. The throat might be a straight stretch, but it could also wind around, taking a longer path than a more conventional route might require.

Einstein's theory of general relativity mathematically predicts the existence of wormholes, but none have been discovered to date. A negative mass wormhole might be spotted by the way its gravity affects light that passes by.

Certain solutions of general relativity allow for the existence of wormholes where the mouth of each is a black hole. However, a naturally occurring black hole, formed by the collapse of a dying star, does not by itself create a wormhole.

Through the wormhole

Science fiction is filled with tales of traveling through wormholes. But the reality of such travel is more complicated, and not just because we've yet to spot one.

The first problem is size. Primordial wormholes are predicted to exist on microscopic levels,
about 10–33 centimeters. However, as the universe expands, it is possible that some may have been stretched to larger sizes.

Another problem comes from stability. The predicted Einstein-Rosen wormholes would be useless for travel because they collapse quickly. But more recent research found that a wormhole containing "exotic" matter could stay open and unchanging for longer periods of time.

Exotic matter, which should not be confused with dark matter or antimatter, contains negative energy density and a large negative pressure. Such matter has only been seen in the behavior of certain vacuum states as part of quantum field theory.

If a wormhole contained sufficient exotic matter, whether naturally occurring or artificially added, it could theoretically be used as a method of sending information or travelers through space.

Wormholes may not only connect two separate regions within the universe, they could also connect two different universes. Similarly, some scientists have conjectured that if one mouth of a wormhole is moved in a specific manner, it could allow for time travel. However, British cosmologist Stephen Hawking has argued that such use is not possible.

Although adding exotic matter to a wormhole might stabilize it to the point that human passengers could travel safely through it, there is still the possibility that the addition of "regular" matter would be sufficient to destabilize the portal.

Today's technology is insufficient to enlarge or stabilize wormholes, even if they could be found. However, scientists continue to explore the concept as a method of space travel with the hope that technology will eventually be able to utilize them.

Watch the video here

— Nola Taylor Redd, SPACE.com Contributor

My Facebook? Just click the photo.

My Facebook? Just click the photo.
My Personal Facebook link

Popular Posts