Friday, November 29, 2013

Apollo Program နှင့် ပဟေဋိဆန်ဆန် အခြားဂြိုလ်မှ သက်ရှိများ ပတ်သတ်မှု

အာကာသစိုးမိုးရေးတွေ ဆိုဗီယက်ယူနီယံက ဦးဆောင်နေပြီး အမေရိကန်က နောက်ကျကျန်ခဲ့သဖြင့် သိက္ခာကျခဲ့ရာ ၁၉၆၁ တွင် သမ္မတဖြစ်လာသော John F.Kennedy သည် ၁၉၇၀ ပြည့်နှစ် မတိုင်မီ လပေါ်သို့ ဦးစွာခြေချရမည်ဟူသော ကြွေးကျော်သံဖြင့် Apollo အစီအစဉ် ကို ရေးဆွဲချမှတ်ခဲ့ပါသည်။ ၁၉၆၉ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် အမေရိကန် အာကာသသူရဲကောင်းများဖြစ်ကြသော Neil Armstrong, Buzz Aldrin နှင့် Micheal Collins တို့သည် ပထမဆုံး လပေါ်သွားရောက်ကာ ခြေချ လမ်းလျှောက်နိုင်ခဲ့ကြသည်။ Armstrong သည် ထိုစဉ်က ကျော်ကြားလှပြီးမှတ်သားထိုက်သော စကားတစ်ခွန်းကိုပြောခဲ့ပါသည်။ "This is small step for a man, but a giant leap for mankind." လူတစ်ဦးအတွက်တော့ ဒါဟာ ခြေလှမ်းငယ်လေးတစ်လှမ်းပါ၊ လူသားမျိုးနွယ်စု ကြီးအတွက်တော့ ကြီးမားလှသော မဟာခုန်ပျံကျော်လွှားမှုကြီးပါပဲ။" NASA ၀န်းထမ်း Otto Binder အဆိုအရ Apollo-11 အဖွဲ့သားတို့ လကို ပတ်နေစဉ် အောက်ပါစကားကို Apollo မစ်ရှင်ထိန်းချုပ် ညွှန်ကြားရာ ဗဟို(Mission Control) ဆီသို့ ထုတ်လွှင့်ခဲ့သည်ဟု ဆိုပါသည်။ 
"အို ဘုရားဘုရား ခင်ဗျားတို့ ယုံမှာ မဟုတ်ဘူး။ ဒီကောင်တွေကြီးလိုက်တာဆရာ၊ ဧရာမကြီးပါပဲ။ ဟိုဘက်မှာ တခြား အာကာသ ယဉ်တွေရှိပါတယ်။ ချိုင့်ကြီးရဲ့ ဟိုဘက်အစွန်းမှာ တန်းစီရပ်နေပါတယ်။ သူတို့ လပေါ်ကနေ ကျွန်တော်တို့ကို စောင့်ကြည့်နေပါတယ်။"
 ဒီအပြန်အလှန် သတင်းဖလှယ်မှုကို (HAM) ရေဒီယို အော်ပရေတာက ဖမ်းယူမိခဲ့ဖြစ်ပါသည်။ NASA ဧ။် ကိုယ်ပိုင်ရုပ်သံထုတ်လွှင့်ခြင်းကွန်ရက်မှ ဖမ်းယူရခဲ့ခြင်း မဟုတ်ပါ။ NASA က အများပြည်သူ မကြားသိစေလိုသော သတင်းအချက်အလက်များကို စစ်ထုတ်ပစ်တတ်ကြပါသည်။ Apollo-11 လပေါ်သို့ရောက်ရှိနေစဉ်ကမ္ဘာေ့မြနှင့်(၁၇)မိနစ်ခန့်အဆက်အသွယ်ပြတ်တောက်ခဲ့သည်။(ယင်းပြတ်တောက်မှုကို Transformers ရုပ်ရှင်တွင် စက်ရုပ်များနှင့်တွေ့ဆုံနေသည့်ဇာတ်ဝင်ခန်းအဖြစ် ရိုက်ကူးထားသည်။ တကယ်ပြတ်တောက်ခဲ့သည်လား..NASAမှအများပြည်သူမကြားစေချင်သဖြင့်တမင်တကာဖြတ်တောက်ခဲ့သည်လားမှာ စဉ်းစားစရာဖြစ်ပေသည်) Armstrong သည် Buzz Aldrin ကို ဓာတ်ပုံရိုက်ယူခဲ့ရာတွင် စိတ်ဝင်စားဖွယ်ကောင်းသော ဓာတ်ပုံတစ်ပုံ ပါရှိခဲ့သည်။ Aldrin ဧ။် အာကာသခေါင်းဆောင်းမျက်နှာဖုံး အလင်းပြန်ပုံရိပ်တွင် လမျက်နှာပြင်ပေါ်ရှိ ယခင် ရှေးဟောင်းယဉ်ကျေးမှု အဖွဲ့အစည်းအဆောက်အအုံဧ။် တကယ့်အပျက်အစီး အပြိုအပျက် ကို့ မြင်တွေ့ရကြောင်း UFO သုတေသီ Richard Hoagland ကဆိုပါသည်။ ယင်းအပြိုအပျက်များကို ရုရှား Lunar-9 နှင့် United States Orbiter-2 တို့ကလဲ ဓာတ်ပုံရိုက်ယူနိုင်ခဲ့ကြပါသည်။(အောက်ဖော်ပြပါပုံမှာ Buzz Aldrin ဧ။် မျက်နှာဖုံမှ Reflection့ ဖြစ်သည်။)

 လပေါ်သို့ လူသားတို့ ၁၉၆၀-၁၉၇၀ ပတ်ဝန်းကျင်က ရောက်ပေါက်ခဲ့သော်လဲ ယခုနောက်ပိုင်းတွင် အဘယ့်ကြောင့် ထပ်မသွားတော့ပါသနည်း။ UFO သုတေသီများပြောကြားချက်မှာ လူသားတို့ လပေါ်ရောက်ရှိချိန်တွင် အခြားဂြိုလ်သားများက လကို နယ်မြေသိမ်းယူ ပြီး ဖြစ်နေခြင်းကြောင့် ဟု ဆိုပါသည်။Above Top Secret စာအုပ်ရေးသူ Timothy Goodက ပြောခဲ့ပါသည်။ဗြိတိသျှစစ်ဖက်ထောက်လှမ်းရေးမှ မိတ်ဆွေတစ်ဦးသည် အလွန်ထင်ရှားသော အာကာသသူရဲကောင်းတစ်ဦးနှင့် တစ်ခါက စကားလက်ဆုံကျရင်း ပြောပြခဲ့သည်မှာ အခြားဂြိုလ်သားများက NASA ကို လနှင့် ကင်းကင်းနေရန် သတိပေးခဲ့သည်ဟု ဆိုခဲ့ပါသည်။ ထို့အတူ NASA ဖုံးကွယ်မရနိုင်သော နောက်ထပ် ရေဒီယိုထုတ်လွှင့်ချက်တစ်ခုသည် Apollo-12 mission တွင် ထပ်မံပေါ်ပေါက်လာသည်။ Astronaut သုတေသီဖြစ်သူ Donald B.Ratch က အောက်ပါ ထုတ်လွှင့်ချက်ကို သိုသိုသိပ်သိပ်မှတ်တမ်းတင်နိုင်ခဲ့သည်။ Apollo :ကျွန်တော်တို့မှာ အပေါင်းအပါတွေရှိနေပါတယ်။ Houston :နောက်တစ်ကြိမ်ထပ်ပြောပါဦး။ Apollo :ကျွန်တော်ပြောတာက ကျွန်တော်တို့မှာ အပေါင်းအပါအဖော်တွေရှိနေပါတယ်။(ခဏတိတ်ဆိတ်ခြင်း) Houston :အဲ့ဒီအကြောင်းမျိုး မထုတ်လွှင့်ဖို့ ခင်ဗျားတို့ကို မှာထားတယ်လေ။ အဲ့ဒီအကြောင်းတွေကို ပျံသန်းမှု မှတ်တမ်းတင် ကိရိယာမှာ တင်ထားပါ။ ခင်ဗျားတို့ ပြန်ရောက်မှ အဲဒီအကြောင်း ဒို့တွေ ဆွေးနွေးကြမယ်။(အလွန်ရှည်လျားသော တိတ်ဆိတ်ခြင်း) အခြားမှတ်သားဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုရှိသေးသည်။ Apollo-12 ဧ။် လပေါ်ဆင်း Module တက်ပြီး ပြန်အကျ မျက်နှာပြင်ကိုရိုက်မိရာ လတစ်ခုလုံး ရှစ်မိနစ်ကျော်မျှ ပဲ့တင်ထပ် တုန်ဟီးသွားခြင်းက လသည် အခေါင်းပွ ဖြစ်ရမည်ဟု UFO အသိုင်းအ၀ိုင်းမှ ဆိုချင်ကြသည်။ 
(ဆက်လက်ပြီး ဖော်ပြပါဦးမည်။)
-သာထက်အောင်(၂၉.၁၁.၂၀၁၃)
The moon from my Telescope(Celestron 2990)

2 comments:

  1. This comment has been removed by the author.

    ReplyDelete
  2. I really like ya articles
    And is there next one of this?
    Cos it says To Be Continued

    ReplyDelete

My Facebook? Just click the photo.

My Facebook? Just click the photo.
My Personal Facebook link

Popular Posts