Friday, January 31, 2014

အကြမ်းဖက်မှုများကြားမှ ငြိမ်းချမ်းသော မြင်ကွင်းများ

ဂျိုကာပုံဝတ်ဆင်ထားသော ဆန္ဒပြသူများမှ G6 အစည်းအဝေးစောင့် ရဲသားများအား သွားရောက်ဖြော်ဖြေစဉ်(တိုရွန်တို၊ ကနေဒါ၊ ၂၀၁၀)
အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတစ်ဦးမှ စစ်သားများအား သံဆူးကြိုးများကြားထဲမှ နှင်းဆီပန်းများပေးနေစဉ်(ဘန်ကောက်၊ ထိုင်းလန်း၊ ၂၀၁၃)
အီဂျစ်စစ်သားများမှ ပြည်သူများအား ပစ်မိန့်ကို တစ်ညီတစ်ညွတ်တည်း ငြင်းဆန်လိုက်သည့် အခိုက်အတန့်(ကိုင်ရို၊ အီဂျစ်၊ ၂၀၁၁)
မျက်ရည်ယိုဗုံးများကြားထဲမှ ထွက်ပြေးလာသော မသန်စွမ်းသူတစ်ဦးအား ဆန္ဒပြသူများမှ ကူညီပေးနေကြစဉ်( အမေရိကန်၊ ၂၀၁၁)
မျက်ရည်ယိုဗုံးထိထားသော ခွေးအား ဆန္ဒပြသူများမှ ၀ိုင်းဝန်းကုသပေးနေစဉ်(အစ္စတန်ဘူးလ်၊ တူရကီ၊ ၂၀၁၃)
ဆီးရီးယားစစ်ပွဲ မိဘမဲ့ကလေးငယ်တစ်ဦး၏ အားမာန်အပြည့်မြင်ကွင်း(ဆော်ဒီအာရေဗျ၊ ၂၀၁၂)
မီးသတ်ပိုက်များဖြင့် ဖြိုခွင်းခံရသော်လည်း အပြုံးမပျက်ကြသေးသော အတွဲတစ်တွဲ(အစ္စတန်ဘူးလ်၊ တူရကီ၊ ၂၀၁၃)
အကြမ်းဖက်မှုများအတွင်း ပါမောက္ခတစ်ဦးမှ ယင်း၏ ကျောင်းသားများအား စာမေးပွဲနီးသဖြင့် အဆောက်အဦးနံရံတွင် စာသင်ပေးနေပုံ(ကယ်လီဖိုးနီးယားတက္ကသိုလ်၊ အမေရိကန်၊ ၂၀၁၁)
ဂျာမန်အကြမ်းဖက်နှိမ်နှင်းရေးရဲသားများမှ ဦးထုတ်များချွတ်ကာ ဆန္ဒပြသူများအား ပို့ဆောင်ပေးနေစဉ်(ဖရန့်ဖွတ်၊ ဂျာမနီ၊ ၂၀၁၁)
ရဲသားတစ်ဦး၏ မွေးနေ့အတွက် မွေးနေ့ကိတ်ကို ဆန္ဒပြသူများမှ ယူပေးလာပုံ(ဘရာဇီး၊ ၂၀၁၃)
အကြမ်းဖက်မှုများအတွင်း ခရစ်ယာန်ဘာသာဝင်များမှ အစ္စလာမ်ဘာသာဝင်များအား ငြိမ်းချမ်းစွာ ၀တ်ပြုနိုင်ရန် ကာကွယ်ပေးနေကြပုံ(ကိုင်ရို၊ အီဂျစ် ၂၀၁၁)
ဆန္ဒပြသူတစ်ဦးမှ ရဲသားတစ်ဦးအား အားပေးနေပုံ(လစ္စဘွန်း၊ ပေါ်တူဂီ၊ ၂၀၁၂)
ကလေးငယ်လေးတစ်ဦးမှ ရဲသားများအား ရေဘူးကမ်းပေးနေပုံ(ဘော့စ်နီးယား၊ ၂၀၁၃)
ဆန္ဒပြသူအမျိုးသမီးတစ်ဦးမှ ရဲသားများအား ဒေါသထွက်နေသော ဆန္ဒပြသူများရန်မှ ကာကွယ်ပေးနေစဉ်(ကိုလံဘီယာ၊ ၂၀၁၃)
မျက်ရည်ယိုဗုံးထိထားသော ဆန္ဒပြသူတစ်ဦးအား ရဲသားများမှ ပြန်လည် ကူညီပေးနေစဉ်(တူရကီ၊ ၂၀၁၃)
ဆန္ဒပြသူများမှ ရဲသားများအား မုန့်များ လိုက်လံကျွေးနေစဉ်(ကိုလံဘီယာ၊ ၂၀၁၃)
ဆန္ဒပြသူတစ်ဦးမှ လက်နက်များနှင့် ရဲသားများအား ပေါင်မုန့်ဖြင့် ပြန်လည် ချိန်ရွယ်ထားပုံ(တူနီးရှား၊ ၂၀၁၀~၂၀၁၁)
ဒဏ်ရာရနေသော အမျိုးသမီးတစ်ဦးအား ၄င်း၏ ချစ်သူမှ လာရောက်ကယ်တင်ကာ နမ်းနေစဉ်(ကနေဒါ၊ ၂၀၁၁)
လန်ဒန်ထကြွမှုအပြီးတွင် ပြည်သူများမှ အပျက်အစီးများအား ပြန်လည် ရှင်းလင်းရန် တက်ညီလက်ညီထွက်လာကြစဉ်(လန်ဒန်၊ ၂၀၁၁)
LA အကြမ်းဖက်မှုကာလအတွင်း ကလေးငယ်တစ်ဦးမှ စစ်သားတစ်ဦးဘေးတွင် ဓာတ်ပုံရိုက်ရန် ပို့စ်ပေးနေစဉ်(လော့စ်အန်ဂျလိစ်၊အမေရိကန်၊ ၁၉၉၂)
ဂရိမှ ဆန္ဒပြသူတစ်ဦးနှင့် ရဲသားတစ်ဦးတို့ စီးကရက် အတူတူမျှဝေသောက်နေစဉ်(အေသင်၊ ဂရိ၊ ၂၀၁၁)
မူဘာရက်အစိုးရအား ဆန္ဒပြပွဲတစ်ခုတွင် အမျိုးသမီးတစ်ဦးမှ ရဲသားတစ်ဦးအား နမ်းနေစဉ်(အီဂျစ်၊ ၂၀၁၁)
ဗြိတိသျှရဲများအား ပြည်သူများမှ ကော်ဖီများ လိုက်လံတိုက်စဉ်(လန်ဒန်၊ ၂၀၁၁)
အကြမ်းဖက်နှိမ်နှင်းရေးရဲသားတစ်ဦးနှင့် ဆန္ဒပြသူတစ်ဦးတို့ အတူငိုကျွေးနေကြစဉ်(ဆိုဖီယာ၊ ဘူဂေးရီးယား၊ ၂၀၁၃)
ကလေးငယ်တစ်ဦးမှ စစ်သားတစ်ဦးအား အသည်းပုံဘောလုံးပေးသွား(ရိုမေးနီးယား ၂၀၁၂)
အမေရိကန် ဗီယက်နမ် စစ်ပွဲကာလာအတွင်းမှ ပန်းပေးနေသော ဆန္ဒပြသူတစ်ဦး(၁၉၆၇)
ကိုလံဘီယာ ကျောင်းသူတစ်ဦးမှ အကြမ်းဖက်ထိန်းသိမ်းရေး ရဲမေတစ်ဦးအား နမ်းနေပုံ(၂၀၁၁)
ကိုလံဘီယာ ကျောင်းသားတစ်ဦးမှ ကျောင်းသားဥပဒေပြင်ဆင်ရေးဆန္ဒပြပွဲတွင် ရဲသားတစ်ဦးအား ဖက်နေပုံ(၂၀၁၁)
ဘရာဇီးဆန္ဒပြသူတစ်ဦးမှ ဒဏ်ရာရ ရဲအရာရှိတစ်ဦးအား ကယ်ထုတ်လာပုံ(ဆာပေါ်လို၊ ဘရာဇီး၊ ၂၀၁၃)
ဒဏ်ရာရရှိထားသော ကျောင်းသူတစ်ဦး(၀င်းမော်ဦး)အား ဆရာဝန်များမှ ကယ်ထုတ်လာပုံ(ရန်ကုန်၊ မြန်မာ၊ ၁၉၈၈)

No comments:

Post a Comment

My Facebook? Just click the photo.

My Facebook? Just click the photo.
My Personal Facebook link

Popular Posts